News

POST TYPE

ALSO IN NEWS

မြင်းတွေကို ယူနီကွန်းလို ဆင်ယင်ပြင်ဆင်ပေးထားတဲ့မြင်းခြံပိုင်ရှင်
20-May-2018


ဗြိတိန်က မွေးမြူရေးခြံတစ်ခုမှာ ယူနီကွန်းတွေများ မွေးထားသလားလို့ ခံစားသွားရနိုင်တဲ့မြင်ကွင်း ရှိပါတယ်။ ဝေါ်ကတ်စတာဒေသမှာ မြင်းပုတွေကိုမွေးထားကာ ဆေးရောင်စုံလှလှခြယ်သပေးထားပြီး ယူနီကွန်းဦးချိုရောင်စုံလည်း တပ်ထားပေးတာကြောင့် ယူနီကွန်းတွေလို့ ထင်စရာပါပဲ။ လူစီဝစ်ကန်စ်လို့ အမည်ရတဲ့ ပြင်ဆင်ခြယ်သသူဟာ အန္တရာယ်မရှိတဲ့ဆိုးဆေးတွေနဲ့ မြင်းပုလေးတွေရဲ့ လည်ဆံမွေးနဲ့အမြီးတို့ ဆေးဆိုးပေးပြီး ဖဲကြိုးများ၊ ပန်းများ ဆင်ယင်ပေးထားတာ ဖြစ်ပါတယ်။ သူမဟာမြင်းတွေရဲ့ ခွာတွေကိုတောင် ဆေးရောင်စုံတွေ ခြယ်ပေးခဲ့ပါသေးတယ်။ ယူနီကွန်းအဖြစ် အသွင်ပြောင်းထားတဲ့ မြင်းလေးတွေဟာ ရွာထဲက ပွဲလန်းသဘင်တွေ၊ မွေးနေ့တွေ၊ မင်္ဂလာဆောင်တွေမှာ ဧည့်သည်တွေကို ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ မြင်းလေးတွေဟာ လူတွေသူတို့ကို ခုလို စိတ်ဝင်တစားကြည့်ကြတာကို နှစ်ခြိုက်တယ်လို့ခြံပိုင်ရှင်က ပြောကြားပါတယ်။

F-02