News

POST TYPE

ALSO IN NEWS

အသက် ၉၃နှစ် ဂေါ့ဖ်ကစားသမားကြီး တစ်ချက်တည်းနဲ့ကျင်းဝင်
19-May-2018

တစ်ချက်တည်းနဲ့ ကျင်းဝင်တယ်ဆိုတာ ဂေါ့ဖ်ကစားသမား တစ်ဦးအတွက် အရေးပါတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ အသက် ၉၃ နှစ်အရွယ် အိုဟိုင်းအိုးပြည်နယ်သား ဂေါ့ဖ်ကစားသမားကြီးဟာ တစ်ချက်တည်းနဲ့ ကျင်းဝင်သွားခဲ့ပါတယ်။

ကိုက်တစ်ရာကျော်ဝေးတဲ့ ကျင်းကို တစ်ချက်တည်းနဲ့ ကျင်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၉၀ ကျော်မှ တစ်ချက်တည်း ကျင်းဝင်ခဲ့ခြင်းဟာ သူ့ ဂေါ့ဖ်သမားဘဝမှာ အမှတ်တရကြီးတစ်ခုနဲ့ အဆုံးသတ်ကာလကို ဖြတ်သန်းတာလည်းဖြစ်ပါတယ်။

ဂေါ့ဖ်ကစားတာ အနားယူရမှာကို မုန်းမိသော်လည်း တစ်သက်လုံးတော့ ကစားနိုင်မှာ မဟုတ်ဘူးလို့ မစ္စတာဘန်ဒါ အမည်ရသူ ဂေါ့ဖ်အားကစားသမားက ဆိုပါတယ်။ အသက်အကြီးဆုံး တစ်ချက်တည်း ကျင်းဝင်သူအဖြစ် စံချိန်တင် မတင်ကတော့ သတင်းတွေမှာ ထပ်တက်မလာသေးပါဘူး။

F-02