News

POST TYPE

ALSO IN NEWS

သတ်မှတ်ချိန်ထက် ၂၅ စက္ကန့်စောထွက်မိလို့ ဂျပန်ရထားကုမ္ပဏီတောင်းပန်
17-May-2018


ဘူတာမှ သတ်မှတ်ချိန်ထက် ၂၅ စက္ကန့်စောပြီး ရထားထွက်မိတဲ့အတွက် အဆင်မပြေမှု ဖြစ်ခဲ့ရတဲ့ ခရီးသည်များကို ဂျပန်ရထားကုမ္ပဏီက တောင်းပန်လိုက်ပါတယ်။ ဂျပန်ဟာ ကမ္ဘာပေါ်မှာ ရထားအချိန်အမှန်ဆုံး နိုင်ငံဖြစ်ပါတယ်။ စက္ကန့်ပိုင်းကအစ တိကျအောင် အမြဲကြိုးစားကြပါတယ်။ နိုတိုဂါဝါ ဘူတာရုံကနေ ရထားဟာ ၇ နာရီ ၁၂ မိနစ်မှာ ထွက်ရမှာဖြစ်ပေမယ့် တကယ်တမ်း ၇ နာရီ ၁၁ မိနစ်မှာ ထွက်သွားတာကြောင့် ကုမ္ပဏီက တောင်းပန်တာ ဖြစ်ပါတယ်။ ရထားစောထွက်တာမို့ အချို့သော ခရီးသည်တွေ ရထားပေါ် မတက်လိုက်နိုင်တာကြောင့် ရထားကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ်က တောင်းပန်တာပါ။ ရထားလိုင်း Tsukuba Express က တရားဝင် စာထုတ်ပြီး တောင်းပန်တာ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ ရထားက အစင်းလိုက် ပျောက်သွားပေမယ့် မသိလိုက် မသိဘာသာပါပဲ။ ပြည်သူတွေကလည်း ကျင့်သားရနေပြီကိုး။

F-02