News

POST TYPE

ALSO IN NEWS

အော်ဟစ်ရန်ဖြစ်နေတဲ့အိမ် ရဲဝင်စစ်၊ လူနဲ့ ကြက်တူရွေး စကားများနေခြင်းဖြစ်
17-May-2018 tagged as

ဂျာမနီနိုင်ငံ တောင်ပိုင်းမြို့လေးတစ်မြို့မှာ နေအိမ်တစ်ခုအတွင်း ဟစ်အော်ရန်ဖြစ်နေသံကြားလို့ ရဲကဝင်စစ်ပါတယ်။ အိမ်ထဲမှာ အမျိုးသားတစ်ယောက်နဲ့ ကြက်တူရွေးတစ်ကောင်တို့ စကားများရန်ဖြစ်နေတာ ဖြစ်ပါသတဲ့။ ဆွစ်ဇာလန်နယ်စပ် လီယိုရက်ခ်ျဒေသခံတစ်ဦးက ရဲကိုဖုန်းဆက်ပြီး အိမ်နီးချင်းတစ်အိမ်မှာ ဟစ်အော်ရန်ဖြစ်နေကြတယ်လို့ တိုင်တာဖြစ်ပါတယ်။ ရဲတွေရောက်လာတဲ့အခါ အဆိုပါ နေအိမ်မှာအသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ကြက်တူရွေးနဲ့ အော်ဟစ်ရန်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ သူ့ရည်းစားပိုင်တဲ့ ကြက်တူရွေးနဲ့ သူနဲ့စကားများကြတာ ဖြစ်တယ်လို့ အဆိုပါ အမျိုးသားက ပြောကြားပါတယ်။ ကြက်တူရွေးဟာ တချို့စကားတွေကို မပြောနိုင်ပေမယ့် သူ စိတ်မကျေနပ်တဲ့အခါ ခွေးဟောင်သလိုမျိုး အသံနဲ့ ကုန်းအော်တာ ဖြစ်ပါတယ်။

F-02

  • TAGS