News

POST TYPE

ALSO IN NEWS

ကမ္ဘာ့အကြီးဆုံး လေဖြည့် အတားအဆီးကျော် ကစားကွင်း
16-May-2018


ကမ္ဘာ့အကြီးဆုံး လေဖြည့်သွင်း အတားအဆီးကျော်လွှား ကစားကွင်းအဖြစ် ဂရင်းနစ်စံချိန်အဖွဲ့က သတ်မှတ်ချက် ထုတ်ပြန်ပေးလိုက်ပါတယ်။ အဆိုပါ လေမှုတ်သွင်း အတားအဆီးကျော်လွှား ကစားကွင်းဟာ စုစုပေါင်း ပေ ၁၆၂၅ ဒသမ ၇၂ ရှိပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံမှာ တည်ဆောက်ထားတဲ့ အဆိုပါ ကစားကွင်းဟာ ကမ္ဘာ့အကြီးဆုံးအဖြစ် တိုင်းတာအတည်ပြုခြင်းခံပြီးပါပြီ။ လေမှုတ်ကစားကွင်းကြီးမှာ အပိုင်း ၆၀ ပါဝင်ပြီးတော့ အောက်ကိုကန်ချတဲ့ အတားအဆီးတွေလည်း ပါဝင်ပါတယ်။ အတားအဆီးဖြတ်ကျော် ကစားကွင်းကြီးဟာ နယ်လှည့်ပြီးတော့ ပြသပြီး အများပြည်သူကို ကစားစေပါတယ်။ ဩစတြေးလျ၊ ဂျပန်၊ ဘရာဇီးနဲ့ နိုင်ငံပေါင်းစုံကိုလည်း လှည့်လည်ပြသသွားမှာ ဖြစ်ပါသတဲ့။

F-02