News

POST TYPE

ALSO IN NEWS

ဝက်ဝံကြီးကို အပြင်ထုတ်ကာ ရေခဲမုန့်ကျွေးမိလို့ ဒဏ်ရိုက်ခံရ
15-May-2018 tagged as


ဝက်ဝံကြီးကို အပြင်ခေါ်ထုတ်ပြီးတော့ ရေခဲမုန့်ဝယ်ကျွေးမယ့် အစီအစဉ်ကို လုံခြုံရေးအတွက် ရဲကိုအကြောင်းကြားဖို့ ပျက်ကွက်ခဲ့တဲ့ သားရိုင်းဥယျာဉ်ကို ရဲတွေက ဒဏ်ငွေ ရိုက်ခဲ့ပါတယ်။ ကနေဒါနိုင်ငံ အယ်ဘာတာ ဥယျာဉ်ဟာ ဘာကလီလို့ အမည်ရတဲ့ ဝက်ဝံကြီးကို Dairy Queen နို့ဆိုင်ကိုခေါ်သွားပြီး ရေခဲမုန့် ဝယ်ကျွေးခဲ့ပါတယ်။ ကားထဲက ဝက်ဝံကြီးက ပြတင်းပေါက်ကနေပြီးတော့ ရေခဲမုန့်ကို ယူပြီးတော့ စားနေတဲ့ ဗီဒီယိုလည်းထွက်ရှိခဲ့ပါတယ်။ တိရစ္ဆာန်ရုံထဲက သားရိုင်းတွေကို အပြင်ထုတ်မယ်ဆိုရင် ရဲကို ကြိုတင်အကြောင်းကြားဖို့ လိုအပ်ပါတယ်။ ဥယျာဉ်ရဲ့ပိုင်ရှင်နှစ်ဦးကို သားရိုင်းဥပဒေနဲ့ အရေးယူထားပြီးရဲကို အသိမပေးမှုနဲ့ ဒဏ်ရိုက်ခဲ့ပါသတဲ့။ ဥယျာဉ်ကို လုပ်ငန်း လည်ပတ်နေတဲ့ ၂၈ နှစ်တာကာလအတွင်းမှာ စည်းကမ်းဖောက်ဖျက်မှုက ယခုတစ်ကြိမ်သာ ဖြစ်ခဲ့ဖူးပါတယ်လို့ ပိုင်ရှင်များက ပြောကြားပါတယ်။

F-02

  • TAGS