News

POST TYPE

ALSO IN NEWS

ကလေး ၁၆ ယောက်နဲ့ နေ့စဉ် လည်ပတ်နေတဲ့မေမေ
14-May-2018 tagged as


အခုဖော်ပြမယ့် ဖလော်ရီဒါပြည်နယ်သူ မေမေတစ်ယောက်ကတော့ အမေနေ့မှာ ဂုဏ်ပြုထိုက်သူ တစ်ဦးဖြစ်ပါတယ်။ လက်တီရီဘက်ခ်လို့ အမည်ရတဲ့မိခင်တစ်ဦးဟာ ကလေး ၁၆ ဦးကို နေ့စဉ် ပြုစုပျိုးထောင်ပေးနေသူ ဖြစ်ပါတယ်။ သူမရဲ့ ကလေးတွေကတော့ အသက် ၂ နှစ်ကနေ ၂၃ နှစ်အထိ ရှိပါသတဲ့။ ထိုကလေးအားလုံးကို အုပ်ထိန်းပြုစုရတာ လွယ်လှတာတော့ မဟုတ်ပါဘူး။

“ကျွန်မကလေးတွေရဲ့ နာမည်ကိုတောင် တစ်ခါတလေ မှားတတ်ပါတယ်”လို့ သူမက ဝန်ခံပြောဆိုထားပါတယ်။ နေ့ရက်တိုင်းမှာ ပြီးမြောက်ရန်ရှိသည့် အလုပ်များစာရင်းကို ချရေးထားကာ တစ်ခုပြီးတစ်ခု လုပ်ရပါသတဲ့။ မရေးထားလို့ကတော့ မပြီးပါဘူးတဲ့လေ။ အိမ်မှာကလေးတွေကို စာသင်ပေးပြီးတော့ အဖေဖြစ်သူက အားကစားတွေ သင်ပေးပါသတဲ့။ သူတို့ဟာ ကလေးတွေနဲ့ ဒီလောက် အလုပ်များတာတောင် ဒေသခံပရဟိတအဖွဲ့အတွက် ရန်ပုံငွေ ကူရှာပေးပါသေးတယ်။
F-02


  • TAGS