News

POST TYPE

ALSO IN NEWS

သဲနဲ့ဆောက်တဲ့ ရဲတိုက်ကြီးမှာ နေထိုင်သူ
09-May-2018


အိမ်ငှားခ လစဉ်ကုန်နေသူတွေကတော့ ဘရာဇီးက အမျိုးသားတစ်ဦးရဲ့ ဖြေရှင်းနည်းကို တစ်ချက်စဉ်းစားကြည့်သင့်လှပါတယ်။ ရီယိုဒီဂျနေရိုးမြို့ခံ မာစီယိုမီဇေးလ်မာတိုလီးရက်စ်ဟာ သဲနဲ့ဆောက်ထားတဲ့ နေအိမ်ထဲမှာ နေထိုင်သွားနေသူ ဖြစ်ပါတယ်။ ဘရာဇီးကမ်းခြေမှာ သဲနန်းတော်ကြီးနဲ့ နေထိုင်တာကြောင့် ခရီးသွားဧည့်သည်တွေကလည်း အဆန်းတကြယ်ဖြစ်နေပြီး The King လို့လည်း အမည်ပေးထားပါတယ်။ သူဟာ ကမ်းခြေဒေသ ဇာတိဖွားဖြစ်ပြီးတော့ ကမ်းခြေမှာ အိမ်ငှားနေဖို့ မတတ်နိုင်တော့တာကြောင့် သဲနဲ့အိမ်ဆောက်ပြီး နေလိုက်ရာမှာ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နေပါတယ်လို့ သူက ပြောကြားပါတယ်။ ဘရာဇီးကမ်းခြေဒေသကို လူချမ်းသာတွေက နေရာယူကုန်တဲ့အခါ ဒေသခံတွေခမျာ ကမ်းခြေမှာနေဖို့ မဖြစ်နိုင်သလောက် ဈေးမြင့်လာတာ ဖြစ်ပါတယ်။ ဘုရင်ကြီးကတော့ မောင်းထုတ်ခံရမှာ မကြောက်ပါဘူးတဲ့။ တစ်နေရာက မောင်းထုတ်ခံလိုက်ရပြီဆိုရင် နောက်တစ်နေရာမှာ သဲနဲ့ ထပ်ဆောက်လိုက်ရုံပါပဲ။

F-02