News

POST TYPE

ALSO IN NEWS

ဘရာဇီးသမ္မတကတော် ရေကန်ထဲ ဒိုင်ဗင်ထိုးကာ ခွေးကိုကယ်တင်
08-May-2018 tagged as


ဘရာဇီးသမ္မတကတော် မာဆီလာတီမာဟာ သမ္မတအိမ်တော်ခြံဝင်းထဲက ရေကန်တစ်ကန်ထဲကို ဒိုင်ဗင်ထိုးခုန်ချခဲ့ပြီး သူမရဲ့ခွေးကို ကယ်တင်ခဲ့ပါတယ်။ ပီကိုလီလို့ အမည်ရတဲ့ခွေးဟာ ရေထဲမှာ ရေနစ်မလို ဖြစ်နေပြီး သမ္မတကတော်က ဝတ်စုံပြည့်နဲ့ပဲ ရေထဲကို ဒိုင်ဗင်ထိုးသွားတာ ဖြစ်ပါတယ်။ ခွေးလေးဟာ ရေထဲ ဆင်းခဲ့ပြီးတော့ ကမ်းဘက်ကို ပြန်မကူးနိုင်ဖြစ်နေခဲ့တာပါ။ ခွေးကလေးကို ဆင်းကယ်ဖို့ပြောတာကို နားမထောင်ခဲ့တဲ့ လုံခြုံရေး အေးဂျင့်ကိုတော့ အလုပ်ဖြုတ်လိုက်တယ်လို့ ပြောပါတယ်။ အခင်းဖြစ်ပွားချိန်မှာ မစ္စစ်တီမာဟာ ဥယျာဉ်ထဲမှာ သားဖြစ်သူ မီချယ်ဇင်ညိုနဲ့အတူ လမ်းလျှောက်နေတာ ဖြစ်ပါတယ်။ ဘရာဇီးသမ္မတ မိသားစုမှာ ခွေးနှစ်ကောင်ရှိပြီးတော့ ပီကိုလီနဲ့ သောရ်လို့ အမည်ရပါတယ်။

F-02

  • TAGS