News

POST TYPE

ALSO IN NEWS

သွားတိုက်တတ်တဲ့မျောက်ကလေး
06-May-2018


ဆယ်ဖီဓာတ်ပုံရိုက်တဲ့မျောက်၊ ကတတ်တဲ့ မျောက်စသဖြင့် မျောက်ပေါင်းစုံ သတင်းတွေ ကြားနေရတဲ့အချိန်မှာ မျောက်တွေဟာ အတုမြင် အတတ်သင်ပါလားလို့ တွေးမိလောက်ပါရဲ့။ ယခုလည်း သွားတိုက်တံနဲ့ စိမ်ပြေနပြေ သွားတိုက်နေတဲ့ မျောက်ကလေး ဗီဒီယိုကြောင့် ဒီအတွေးက ပိုခိုင်မာသွားလောက်ပါတယ်။ သွားတိုက်တတ်တဲ့ မျောက်ကလေးရဲ့အမည်ကတော့ အီလိုင်ဖြစ်ပြီး သူ့အိမ်ရှင်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စု တက္ကဆက်မှာ နေထိုင်ပါတယ်။ အိမ်ရှင်တွေ နေ့စဉ်လုပ်တဲ့ အမူအရာတွေကိုကြည့်ပြီး လိုက်လုပ်လေ့ ရှိပါသတဲ့။ သွားမတိုက်ခင် မျောက်ကလေးဟာ သွားတိုက်တံကို အရင် ရေဆေးလိုက်ပါသေးတယ်။ ရေပိုက်ခေါင်းကိုလည်း သူ့ဘာသာဖွင့်ပြီး ပြန်ပိတ်လိုက်သေးပါသတဲ့။ ဒါပေမဲ့ သူမလုပ်တတ်သေးတာ ရှိပါတယ်။ သွားတိုက်ဆေးဘူးကိုဖွင့်ပြီး မညှစ်တတ်သေးပါဘူး။