POST TYPE

ALSO IN NEWS

ကျောင်းရှေ့မကြာခဏ မစင်လာစွန့်သူ တရားခံက ပညာရေးမှူးတဲ့
05-May-2018


အမေရိကန် ပြည်ထောင်စု နယူးဂျာစီပြည်နယ်က ရဲတွေကတော့ အထက်တန်းကျောင်းတစ်ကျောင်းရှေ့မှာ မကြာခဏ မစင်လာစွန့်တဲ့လက်သည်ကို တွေ့ရှိပါပြီ။ ဒါကတော့ အနီးအနားမှာနေတဲ့ ပညာရေးမှူး ဝန်ထမ်းတစ်ယောက်ပဲ ဖြစ်ပါသတဲ့။

ဟုမ်းဒယ်မြို့အထက်တန်းကျောင်း ဝန်ထမ်းတွေဟာ နေ့တိုင်းလိုလို ကျောင်းဘောလုံးကွင်းနဲ့ ကျောင်းဝင်းထဲမှာ လူ့မစင် လတ်လတ်ဆတ်ဆတ်ကြီးတွေကို တွေ့နေခဲ့ရပါသတဲ့။

နောက်တော့ ကျောင်းဝန်ထမ်းတွေက စောင့်ကြည့်စစ်ဆေးတဲ့အခါမှာတော့ ဆန်းကြယ်လှတဲ့ မစင်စွန့်သူဟာ သောမက်စ်တရာမက်လီနီဆိုသူ ဖြစ်နေပါတယ်။

သူဟာ အခြားနယ်မြေတစ်ခုရဲ့ပညာရေးမှူးလည်းဖြစ်တယ်လို့ ရဲတွေကဆိုပါတယ်။

ဘာကြောင့်သူဟာ ယခုလိုမျိုး ကျောင်းတစ်ကျောင်းရဲ့ ဧရိယာထဲမှာ လာရောက် မစင်စွန့်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

F-02