News

POST TYPE

ALSO IN NEWS

ပြဿနာရှာတဲ့စက်ရုပ် ရုရှားမှာ အဖမ်းခံရပြီ
18-Sep-2016
အရောင်းမြှင့်တင်ရေးအတွက် သုံးပါတယ်ဆိုတဲ့ Promobot တစ်ကောင်တော့ အနေအထိုင် မတတ်လို့ ရှရှား ဦးရဲကြီးတွေနဲ့ တွေ့သွားပါပြီ။ အဖမ်းခံရတဲ့ နေရာကလည်း နိုင်ငံရေးချီတက် လမ်းလျှောက်ပွဲ တစ်ရပ် ဖြစ်တာမို့ စက်ရုပ်တော့ နိုင်ငံရေး အကျဉ်းသား စာရင်း ဝင်မလား မသိပါဘူး။ ဒီစက်ရုပ်ဟာ ယခင်ကတည်းက ထထပြီး ပြဿနာရှာ၊ ပေါက်ကရတွေ ထလုပ်တတ်တဲ့ ရာဇဝင် ရှိဖူးတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Promobot ကို ရဲတွေက လက်ထိပ်ခတ်ဖို့ ကြိုးစားနေတဲ့ ဗီဒီယို Facebook မှာ တက်လာပြီးတော့ လူတွေလည်း မျှဝေကြ၊ မှတ်ချက်ရေးကြ လုပ်နေကြပါတယ်။ ရုရှား ပါလီမန်အတွက် ရွေးကောက်ပွဲဝင် အမတ်လောင်း ဗယ်လာရီ ကာလာချက်ဗ် အတွက် မဲဆွယ်စည်းရုံး ချီတက် လမ်းလျှောက်ပွဲမှာ ဒီစက်ရုပ်က မဲဆန္ဒရှင်တွေရဲ့ သဘောထားကို ကောက်ယူနေတာဖြစ်ပါတယ်။ စစ်တမ်း ကောက်ယူရာကနေ ထိန်းချုပ်မှုက လွတ်သွားပြီး လုပ်ချင်ရာတွေ လျှောက်လုပ်နေလို့ ပြည်သူ့ရဲက ဝင်ရောက် ထိန်းသိမ်း လိုက်ရတာ ဖြစ်ပါသတဲ့။

Ref : UPI



  • VIA