News

POST TYPE

ALSO IN NEWS

ရဲစခန်းကို ဖောက်ထွင်းပြီး လက်ထိတ်တွေ၊ ကျည်ကာ အင်္ကျီတွေ ဝင်ခိုး
18-Sep-2016
ရဲတွေကို ပမာမခန့်တဲ့ သူခိုးတွေက နယူးဇီလန်နိုင်ငံ ဝီကာတိုဒေသက ရဲစခန်း တစ်ခုကို ဖောက်ထွင်းပြီး ရဲအသုံး အဆောင်တွေကို ခိုးသွားပါသတဲ့။

လက်ထိတ်တွေ၊ ကျည်ကာအင်္ကျီတွေ သူခိုးလက် ပါသွားပါသတဲ့လေ။

စက်တင်ဘာလ ၁၃ ရက်နေ့က ရဲစခန်းဟာ စောရတွေရဲ့ လက်အောက်ကို ကျရောက်ပြီး အခိုးခံလိုက်ရတာ ဖြစ်ပါတယ်။

ငရုတ်ကောင်း ဖျန်းဆေးဘူးတွေ နဲ့ ရဲအပေါ်အင်္ကျီတွေ၊ ရှပ်အင်္ကျီတွေလည်း  ပါသွားပါသတဲ့။

တစ်ယောက်ယောက်က ခိုးသွားတဲ့ဟာတွေကို သုံးပြီးတော့ ရဲအယောင်ဆောင်မှာ စိုးရိမ်ရပါတယ်လို့ ရဲတွေက ဆိုထားပါတယ်။

ခုလို အမှုမျိုး ကျူးလွန်သူဟာ ထောင်ဒဏ် တစ်နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဒေါ်လာ တစ်သောင်းခွဲလောက် ကျခံရနိုင်ပါတယ်။

ခိုးခံရပြီး နောက်တစ်နေ့မှာလည်း  ရဲအရာရှိ တစ်ဦးရဲ့ ကားလည်း ဖျက်ဆီးခံရ ပါသေးတယ်။

Ref : UPI


  • VIA