News

POST TYPE

ALSO IN NEWS

နောင်နှစ်နွေရာသီ ဟော်လန်ရဲတပ်ဖွဲ့မှာ လင်းယုန်တွေ တာဝန် ထမ်းဆောင်တော့မယ်
18-Sep-2016
ဒတ်ချ်ရဲတပ်ဖွဲ့ဟာ လင်းယုန်ငှက် အတော်များများကို ဝယ်ထားပြီးတော့ လေ့ကျင့်ပေးနေပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာ မောင်းသူမဲ့ယာဉ်တွေ အများပြည်သူ အပန်းဖြေရာ နေရာတွေမှာ နှောင့်ယှက်နေရင် လင်းယုန် ရဲသားကြီးတွေ ရောက်လာပြီး စက်ကို ကုပ်ချပစ်မှာ ဖြစ်ပါတယ်။

လာမယ့် နွေရာသီမှာ စတင် တာဝန် ထမ်းဆောင်နိုင်တော့မှာ ဖြစ်ပါတယ်လို့ ရဲတပ်ဖွဲ့က မျှော်လင့်ထားပါတယ်။

အဲဒီစီမံချက်ကို ပြီးခဲ့တဲ့ တစ်နှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီးတော့ ခုမှ ရုပ်လုံးပေါ်လာတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ရဲတွေဟာ လင်းယုန်တွေကို စုဆောင်းပြီး လေ့ကျင့် ပေးနေတာလည်း ဖြစ်ပါတယ်။

ကိုယ့်မှာ မောင်းသူမဲ့ယာဉ် ရှိတယ် ဆိုပြီး သူတစ်ပါး နေရာတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို သွားမပျံနဲ့နော် လင်းယုန် ဦးရဲကြီးတွေ လာကုပ်ချလိမ့်မယ်။

Ref : UPI


  • VIA