News

POST TYPE

ALSO IN NEWS

နယူးယောက် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲတွင် သေဆုံးပြီးသားလူ အနိုင်ရ
15-Sep-2016
နယူးယောက် မြောက်ပိုင်းခရိုင်ကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်မယ့် ရီပတ်ဘလစ်ကန်ပြည်နယ် အမတ်လောင်း ပါတီတွင်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်ဟာ မကြာသေးခင်က ကွယ်လွန် သွားခဲ့ပါတယ်။

ဒါပေမဲ့ ရီပတ်ဘလစ်ကန် ပါတီအဆင့် ရွေးကောက်ပွဲ လုပ်လိုက်တဲ့အခါမှာ အဆိုပါ အမတ်လောင်းဟာ ကွယ်လွန်လျက်သားနဲ့ အနိုင် ရသွားပါတယ်။ ကွယ်လွန်သွားတဲ့သူကိုပဲ အမေရိကန် ရွေးကောက်ပွဲကို မဲပေးကြတဲ့ ပြည်သူတွေက ဝိုင်းပြီး မဲထည့်ခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၅၉ နှစ်အရွယ် ရွေးကောက်ပွဲဝင် အမေရိကန် အမတ်လောင်း ဘီလ်နိုဂျေးဟာ ရိုချက်စ်တာဒေသမှာ နေထိုင်သူ ဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲနေ့ မဲစာရင်းမှာ သူ့နာမည်က ပါနေဆဲဖြစ်ပြီး ပြည်သူတွေကလည်း သူ့ကိုပဲ မဲပေးလိုက်ကြပါတယ်။

ခုတော့ ရွေးကောက်ပွဲနိုင် အမတ်မင်းက သေဆုံးသွားပြီမို့ ၁ဝ ရက်အတွင်း သူ့နေရာကို ဆက်ခံရမယ့် ပုဂ္ဂိုလ်ကို ဒေသဆိုင်ရာ ပါတီဥက္ကဋ္ဌတွေက ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်ရဲ့ အမတ်အဖြစ် အနိုင်ရသွားသူက ဒီမိုကရက် ဘာဘရာဘေရာနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

သူမဟာ ရှေ့နေ တစ်ဦးဖြစ်သလို လူမှုရေး လုပ်သား တစ်ဦးလည်းဖြစ်ပါတယ်။ သေဆုံးသွားပြီး အနိုင်ရသွားတဲ့ အမတ်နဲ့ နိုင်ငံရေး အယူအဆချင်း အတတ်နိုင်ဆုံး တူတဲ့လူကို ရွေးပြီး အစားထိုးပေးပါ့မယ်လို့ ခရိုင် ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင် လိုဝယ်ကွန်ရက်ဒ်က ပြောကြားခဲ့ပါတယ်။

Ref : UPI 


  • VIA