News

POST TYPE

ALSO IN NEWS

ဗြိတိန်က ရေခဲမုန့်ဆိုင် မောင်းသူမဲ့ယာဉ်ဖြင့် ရေခဲမုန့်ပို့
20-Jul-2016
ဗြိတိန်နိုင်ငံက ပင်လယ်ကမ်းခြေ ရေခဲမုန့်ဆိုင် တစ်ဆိုင်ဟာ မောင်းသူမဲ့ယာဉ်ကို သုံးပြီး ဖောက်သည်တွေကို ဝန်ဆောင်မှု ပေးနေပါပြီ။

ကမ်းခြေကို လာသူတွေက စမတ်ဖုန်းထဲမှာပါတဲ့ App နဲ့ မှာလိုက်ရုံပါပဲ။ ရေခဲမုန့် ဝေဟင်ကနေ ရောက်လာမှာ ဖြစ်ပါတယ်။

မောင်းသူမဲ့ယာဉ်ဟာ တစ်ကြိမ်ကို ရေခဲမုန့် ၁ဝ ခုအထိ သယ်နိုင်ပါတယ်လို့ မောင်းနှင်သူ မိုက်ကယ်ခန်းက ဆိုပါတယ်။

မောင်းသူမဲ့ယာဉ်နဲ့ လာပို့တာကို သုံးဆောင်ချင်တယ် ဆိုရင်တော့ စမတ်ဖုန်းထဲက ဆော့ဖ်ဝဲတစ်ခုကို သုံးပြီး မှာရမှာ ဖြစ်ပါသတဲ့။

အထက်ပါ ပို့ဆောင်မှုကို စမ်းသပ်တဲ့အနေနဲ့ လုပ်ဆောင်ကြည့်တာ ဖြစ်ပြီးတော့ အောင်မြင်ရင် တိုးချဲ့ဖို့ ရှိပါတယ်။

မောင်းသူမဲ့ယာဉ်နဲ့ ဘီယာ ရောင်းတာ၊ စာအုပ်ပို့တာ စတဲ့သတင်းတွေလည်း ယခင်က ဖတ်ရဖူးပါတယ်။

မောင်းသူမဲ့ယာဉ်ကို သုံးပြီး သိုးကျောင်းတာကိုလည်း စမ်းသပ်ထားတဲ့ ဗီဒီယိုဖိုင်က Youtube မှာ လူကြည့် များပါတယ်။

နောင်ဆိုရင် လူတွေရဲ့ ဝန်ဆောင်မှုကို လိုတောင်မှ လိုပါတော့မလားလို့ တွေးစရာ ဖြစ်လာပါတယ်နော်။


  • VIA