News

POST TYPE

ALSO IN NEWS

ပြည်နယ်ဘောလုံးပွဲ ရှုံးတဲ့နေ့တွေမှာ ပြည်နယ်တရားသူကြီးတွေ ထောင်ဒဏ်ပိုချလေ့ရှိ
13-Sep-2016
ဘောလုံးဝါသနာရှင် တရားသူကြီးတွေဟာ ပြည်နယ်ဘောလုံးအသင်း ရှုံးသွားပြီး နောက်နေ့ အမိန့်ချတော့မယ်ဆိုရင် တရားခံကတော့ သေမယ့်သာ ပြင်ထားလို့ ပြောရမှာပါပဲ။ လူစီယာနာ တက္ကသိုလ်က ပညာရှင်တွေက သုတေသန ပြုလုပ်ထားတဲ့ ရလဒ်ဖြစ်ပါတယ်။ ပေါက်ကရတွေ လျှောက်ရေးတဲ့ သတင်းစာစောင်တွေက သတင်းခေါင်းနဲ့တော့ တူချင်တူနေပါလိမ့်မယ်။ ဒါပေမဲ့ဒါဟာ တကယ့်သုတေသနရလဒ် ဖြစ်ပါသတဲ့။ လူစီယာနာ ဘောလုံးအသင်း မထင်မှတ်ပဲ ရှုံးသွားတဲ့နေ့နောက်မှာ အမိန့်ချခံရသူတွေဟာ နိုင်သွားတဲ့နေ့ ဒါမှမဟုတ် ရှုံးမယ်လို့ ထင်ထားပြီး ရှုံးသွားတဲ့နေ့တွေ အပြီးမှာ အမိန့်ချခံရသူတွေထက် ပိုပြီးပြင်းထန်တဲ့ အမိန့်တွေ ချခံနေရတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ အဲဒီစာတမ်းကို လူစီယာနာ တက္ကသိုလ်က ပါမောက္ခ နာစီမိုကန်နဲ့ ပူးတွဲစာတမ်း ရေးသားသူ အော့ဇ်ကန်အီရန်တို့က ရေးသားခဲ့တာပါ။

အဲဒီစာတမ်းရဲ့အမည်ကို ‘ခံစားမှု သိပ်ပြင်းထန်နေတဲ့ တရားသူကြီးတွေနဲ့ ကံမကောင်းရှာသော ချာတိတ်တွေ’ လို့ ပေးထားပါတယ်။ ဘောလုံးပွဲ ရှုံးလိုက်လို့ အသင်းဟာ အဆင့်တစ်ဆယ်အောက် ရောက်သွားပြီ ဆိုရင်တော့ တရားသူကြီးတွေဟာ လူငယ်တရားခံတွေကို ပြစ်ဒဏ်ပိုပေးလေ့ရှိပြီး လူငယ်တွေဟာ သာမန်ထက် ၂ လ ထောင်ဒဏ် ပိုရခဲ့ပါတယ်လို့ ဆိုပါတယ်။ အသင်းဟာ နဂိုကတည်းက အောက်နားမှာ ရောက်နေတယ် ဆိုရင်တော့ ရှုံးပေမယ့် တရားသူကြီးတွေက ထောင်ဒဏ်သိသိသာသာ ပိုချတာမျိုး မလုပ်ပါဘူးတဲ့။ ပြီးတော့ အမိန့်ပိုချပြီ ဆိုရင်လည်း လူမည်းတရားခံတွေက ပိုထိတတ်ပါသတဲ့လေ။
        
Ref: UPI