News

POST TYPE

ALSO IN NEWS

ပန်းခြံထဲသွားနေတဲ့ အမျိုးသမီးခေါင်းပေါ် ကောင်းကင်ပေါ်က ငါးခူပြုတ်ကျ
12-Sep-2016
ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်ဖြစ်ပြီး ရယ်ရတဲ့ဖြစ်စဉ် အနေနဲ့ပါ မှတ်ထားရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုက ဖဲယားမောင့် ပန်းခြံထဲမှာ လမ်းလျှောက်နေတုန်း လီဆာလော့ဘရီဆိုတဲ့ အမျိုးသမီး ခေါင်းပေါ်ကို ငါးခူ ပြုတ်ကျလာတာ ဖြစ်ပါသတဲ့။ အလုပ်သမားနေ့ အခမ်းအနားပွဲ မနက်ခင်းမှာ ခေါင်းပေါ်ကို ငါးခူကျခံရတဲ့ အမျိုးသမီးက ငှက်တစ်ကောင်ကောင်က လွတ်ကျလာတာလို့ ထင်နေပါတယ်။

“ခေါင်းပေါ်ကို ကျလာတဲ့အရာမှာ ခေါင်းပါတယ်။ မျက်နှာပါတယ်။ အနံ့ကလည်း ဆိုးတယ်။ ရုတ်တရက်ဆိုတော့ ဘာကြီး ဖြစ်သွားမှန်း မသိဘူး”ဆိုပြီး သူက ပြောပြပါတယ်။ အသိပြန်ဝင်လာတဲ့အခါမှာမှ ငါးခူကြီး ခေါင်းပေါ်ကျလာမှန်း သိလိုက်တာ ဖြစ်ပါတယ်။ ငါးက မြေကြီးပေါ်မှာ ခုန်နေပြီးတော့ ငါးမှန်း သိသွားတော့ ကောင်းကင်ပေါ်က ငါးကြီး ကျလာတယ် ဆိုပြီး ကြောက်သွားမိပါတယ်လို့ ဆိုပါတယ်။ မျက်နှာမှာ နည်းနည်း ရှမိသွားတယ်လို့ ဆိုပါတယ်။ ကောင်းကင်ပေါ်က ငါးကတော့ သူ့အစာ ကျသွားတော့ စိတ်ပျက်မှာပဲလို့ ဆိုပါသေးတယ်။                   

Ref : UPI 



  • VIA