News

POST TYPE

ALSO IN NEWS

ရေနွေးပူထဲကို ညှစ်ထည့်လိုက်တာနဲ့ လက်ဘက်ရည် ဖြစ်သွားမယ့် စပရေးဘူး တီထွင်ရောင်းချ
11-Sep-2016
အသင့်လုပ်တွေ ခေတ်စားနေတဲ့ ခုလိုခေတ်ကြီးမှာ အသင့်ဖျော်သောက် လက်ဘက်ရည်ထုပ်တွေထက်တောင် လွယ်တဲ့အရာတစ်ခု ပေါ်လာပြန်ပါပြီ။ ဒါကတော့ ရေနွေး ပူပူထဲကို တရှူးရှူး ဖျန်းလိုက်တာနဲ့ ရေနွေးက လက်ဘက်ရည် ဖြစ်သွားစေမယ့် စပရေးဘူးပါတဲ့။ ရိုးရာအစဉ်အလာ လက်ဘက်ခြောက် နှပ်တာကိုပဲ ကြိုက်တဲ့ ပြည်သူတွေကတော့ ဒီကိစ္စဟာ ပုံမှန်တော့ မဟုတ်ဘူးဆိုပြီး ပြောဆိုနေ ကြပါတယ်။ ဗြိတိန် လက်ဘက်ရည် ပရိသတ်တွေ သိပ်ကြိုက်တဲ့ အရသာမျိုးကို လက်ဘက်ရည်ထုပ်တွေ မပါဘဲနဲ့လည်း ဖြစ်လာနိုင်တာမို့ ဈေးကွက်ထဲမှာ နေရာရှိပါတယ်လို့ ထုတ်လုပ်သူတွေက ဆိုကြပါတယ်။

No More Tea Bags လို့ အမည်ပေးထားတဲ့ အဆိုပါ ထုတ်ကုန်ကို ဗြိတိန်က ကုန်စည်ပြပွဲတစ်ခုမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ နို့ထည့်ပြီး ဖျော်ရင်လည်း လက်ဘက်ရည်ကြမ်းတင်မကဘဲ လက်ဘက်ရည် အချိုအထိ ဖျော်နိုင်တယ်လို့လည်း ဆိုထားပါတယ်။

ကျွန်တော်တို့ အသုံးပြုထားတဲ့ နည်းပညာအရ အရသာကလည်း ပိုပြီးသာလွန်ကောင်းမွန် နေပါတယ်လို့ ထုတ်လုပ်သူ ဂိုင်းဝုဒေါက ဆိုပါတယ်။ လူမှုကွန်ရက် မီဒီယာ အသုံးပြုသူတွေကတော့ သိပ်ပြီး စိတ်ပါလက်ပါ မရှိကြပါဘူး။ ဒါ သဘာဝအတိုင်း မဖြစ်နိုင်ဘဲ ဆိုးဝါးတဲ့ ရောစပ်မှု တစ်ခု ဖြစ်မယ်ဆိုပြီး လူမှုကွန်ရက် မီဒီယာ အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။

Ref : UPI



  • VIA