News

POST TYPE

ALSO IN NEWS

ဝက်ဝံကိုလက်သီးနဲ့ထိုးခဲ့တဲ့လူ
12-Feb-2018


အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ်သားတစ်ဦးဟာ သူ့ခွေးကိုရန်လုပ်လာတဲ့ ဝက်ဝံကြီးတစ်ကောင်ကို လက်သီးနဲ့ဆွဲထိုး၊ ခြေထောက်နဲ့ကန်ပြီး ခြောက်လှန့်လွှတ် လိုက်ပါသတဲ့။ ပေါင် ၁၅ဝ လောက်အလေးချိန်ရှိတဲ့ အဆိုပါ ဝက်ဝံကြီးဟာ တောအုပ်ထဲမှာ ခွေးကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါသတဲ့။ အသက် ၂၉ နှစ်အရွယ် ဒက်စတင်ဂရေးဟာ တနင်္လာနေ့က သူ့ရဲ့ ၁၁ လသားအရွယ် ခွေးလေးကို ကာကွယ်ခဲ့တာဖြစ်ပါတယ်။ အရပ် ၆ ပေ ၅လက်မမြင့်တဲ့ အဆိုပါ အမျိုးသားဟာ ဝက်ဝံကြီးမ ထွက်ပြေးသွားမချင်း ထိုးကြိတ်ကန်ကြောက်ခဲ့တာ ဖြစ်ပါသတဲ့။ သူကိုယ်တိုင်လည်း ကုတ်ရာတွေ၊ ပွန်းပဲ့ရာဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ ခွေးကလေးလည်း ဒဏ်ရာရခဲ့ပါတယ်။ ခွေးကလေး အညောင်းအညာပြေအောင် လမ်းလျှောက်နိုင်ရေးအတွက် တောအုပ်အစပ်မှာ ရပ်နားစဉ်မှာပဲ အဆိုပါဝက်ဝံရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါသတဲ့။

F-02