News

POST TYPE

ALSO IN NEWS

ဩစတြေးလျကို နိုင်ငံမှန်းမသိတဲ့ပါမောက္ခ
11-Feb-2018

အွန်လိုင်းကနေ ကျောင်းသားတွေရဲ့ လေ့လာမှုများကို အကဲဖြတ်ရပြီးတော့ အကူအညီပေးရတဲ့ အမေရိကန်ပြည်ထောင်စုက ပါမောက္ခတစ်ဦးဟာ ဩစတြေးလျဟာ တိုင်းပြည်မဟုတ်ကြောင်း ကျောင်းသူတစ်ဦးကို ပြောဆိုခဲ့ပြီး ကျောင်းသူရဲ့ လေ့လာချက်ကို ပယ်ချခဲ့တာကြောင့် အရေးယူခံရပါတယ်။ တောင်ပိုင်းနယူးဟမ့်ရှိုင်းယားတက္ကသိုလ်က အဆိုပါ တက္ကသိုလ်ဆရာနေရာကို တခြားဆရာ အစားထိုးလိုက်ပါသတဲ့။ အသက် ၂၇ နှစ်အရွယ် ကျောင်းသူတစ်ဦးက အမေရိကန်ပြည်ထောင်စုရဲ့ လူမှုစံနှုန်းများနဲ့ တခြားတိုင်းပြည်တစ်ခုကို နှိုင်းယှဉ်ရေးသားဖို့အတွက် အိမ်စာပေး ခံရတာဖြစ်ပါတယ်။ အဆိုပါကျောင်းသူဟာ ဩစတြေးလျရဲ့ လူမှုကွန်ရက် မီဒီယာ အသုံးပြုပုံကို ရွေးချယ်ခဲ့ပေမယ့် ပါမောက္ခက သူမကို အမှတ်ဇီးရိုးသာ ပေးခဲ့ပါတယ်။အကြောင်းပြချက်ကတော့ ဩစတြေးလျဟာ နိုင်ငံတစ်နိုင်ငံ မဟုတ်လို့ပါပဲတဲ့။ ဩစတြေးလျဟာ တိုက်တစ်ခုဖြစ်ရုံသာမက နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်ဆိုတာကို ဆရာသမားက သတိမမူမိတာကြောင့် ကျောင်းသူက နစ်နာခဲ့ရတာပါ။

F-02