News

POST TYPE

ALSO IN NEWS

ဘော်စတွန် စားသောက်ဆိုင်က ဒေါ်လာ ၃ထောင်တန် ဘာဂါဆိုတာ ဘာလဲ
08-Feb-2018 tagged as


အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့က စားသောက်ဆိုင်တစ်ဆိုင်ဟာ သူတို့ဆိုင်က အထူးစပါယ်ရှယ် ဘာဂါတစ်လုံးကို အမေရိကန်ဒေါ်လာ သုံးထောင်နဲ့ ရောင်းပါတယ်။ ဘာကြောင့်များ ဘာဂါမုန့်တစ်ခုဟာ မြန်မာငွေ သိန်းသုံးဆယ်ကျော် တန်နေရပါသလဲ။ အဆိုပါဘာဂါထဲမှာ တန်ဘိုးကြီး စေ့စပ်လက်စွပ်ပါနေလို့ပါပဲ။ ဆိုင်ကို ၄၈ နာရီ ကြိုပြီးမှာထားမယ်ဆိုရင် အဆိုပါဘာဂါကို ပြင်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ချစ်သူကိုခေါ်လာပြီး အတူတကွ စားသောက်ရင်း လက်ထပ်ခွင့် တောင်းနိုင်ပါသတဲ့။ အဆိုပါ စားသောက်ဖွယ်ကို Big Boy လို့ အမည်ပေးထားပါတယ်။ ၈ကာရက်ရှိတဲ့ စိန်လက်စွပ်အထဲမှာ ထည့်ပေးထားတာမို့ စားနေရင်းနဲ့ ချစ်သူမိန်းကလေးက သိသွားနိုင်ပါသတဲ့။ ချစ်သူများနေ့ အထိမ်းအမှတ်ဆိုင်က စီစဉ်ပေးထားတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ ဘာဂါစားနေရင်း မိန်းကလေးရဲ့ ဗိုက်ထဲ ရောက်သွားရင်တော့ ဘယ်လိုလုပ်မလဲမသိဘူး။

F-02

  • TAGS