News

POST TYPE

ALSO IN NEWS

လေယာဉ်ပေါ်က ကိုယ်တုံးလုံးခရီးသည်ကြောင့် လေယာဉ်ပြန်ဆင်းသက်ခဲ့ရ
08-Feb-2018

အမေရိကန်ပြည်ထောင်စု အလက်စကာကနေ ဆီယက်တယ်ကို ပျံသန်းမယ့် ခရီးသည်တင် လေယာဉ်တစ်စင်းဟာ အရေးပေါ် ပြန်ဆင်းခဲ့ရပါတယ်။ အိမ်သာထဲမှာ တံခါးပိတ်ထားပြီး အဝတ်တွေချွတ်ထားတဲ့ ခရီးသည်တစ်ဦးကြောင့်ဖြစ်ပါတယ်။ အဆိုပါခရီးသည်ဟာ လေယာဉ်အမှုထမ်းများရဲ့ ညွှန်ကြားချက်ကို မလိုက်နာလို့ လေယာဉ်ကို အရေးပေါ် ပြန်ဆင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါသတဲ့။ လေယာဉ် အမှုထမ်းတွေဟာ လက်အိတ်စွပ်ပြီးတော့ အနောက်ကိုပဲ သွားနေကြတာကို ကြည့်ပြီးတော့ တစ်ခုခုဖြစ်နေမှန်း ရိပ်မိပါကြောင်း လေယာဉ်စီးခရီးသည် ကိတ်ဒန်နီလက်ခ်က ပြောကြားခဲ့ပါတယ်။ Alaska လေကြောင်းလိုင်းခရီးစဉ် ၁၄၆ ဟာ ဆီယက်တယ်ကို မပျံသန်းတော့ဘဲ အန်ခိုရေ့ဂျ်ကိုပဲ ပြန်လည်ပျံသန်းခဲ့ပါတယ်။ မည်သည့် အရေးပေါ် အခြေအနေကိုမှ မကြေညာခဲ့ဘဲ ထွက်ခွာခဲ့ရာလေဆိပ်ကို ပြန်လည် ဆင်းသက်ခဲ့တာဖြစ်ပါတယ်လို့ လေကြောင်းလိုင်း ပြောခွင့်ရအရာရှိ တင်သွန်မဆင်က ပြောကြားထားပါတယ်။ လေယာဉ်ဆင်းတာနဲ့ လေဆိပ်ရဲနဲ့ FBI တို့ဟာ အဆိုပါ အိမ်သာခန်းအောင်း ကိုယ်တုံးလုံးခရီးသည်ကို ဖမ်းခေါ်သွားကြပါတယ်။

F-02