News

POST TYPE

ALSO IN NEWS

မိဘမဲ့ဝက်ကလေးတစ်ကောင်ကို လမ်းဘေးခွေးတစ်ကောင်က စောင့်ရှောက်
07-Feb-2018 tagged as

အိန္ဒိယနိုင်ငံ မြို့တစ်မြို့မှာ လူသိများတဲ့ လမ်းဘေးခွေးတစ်ကောင်က မိဘမဲ့ ဝက်ကလးတစ်ကောင်ကို ပြုစုစောင့်ရှောက်ပေးလျက် ရှိပါတယ်။ ခွေးမကြီးဟာ သူမရဲ့ ခွေးကလေးတွေနဲ့အတူ ဝက်ပေါက်စလေးကို အတူထားပြီး ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ ခွေးမကြီးက ကလေးမွေးချိန်မှာ အနီးအနား မွေးမြူရေးစခန်းမှာလည်း ဝက်ကလေးတွေပေါက်တာ ဖြစ်ပါတယ်လို့ ရိုင်ချူဟာမြို့ နေဒေသခံများက ပြောကြားပါတယ်။ ဝက်ကလေးဟာ အုပ်စုနဲ့ခွဲခံရပြီးလို့ တစ်ကောင်တည်း ဖြစ်နေချိန်မှာ မေမေခွေးမကြီးက ခေါ်ယူပြုစုပေးထားတာ ဖြစ်ပါတယ်။ ဒေသခံများက ဝက်ကလေးကို ပြုစုနေတဲ့ ဗီဒီယိုဖိုင်ကို ဒေသခံတွေက ရိုက်ကူးပြီး လူမှုကွန်ရက် မီဒီယာပေါ် တင်နေကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ထိုင်းနိုင်ငံမှာ ဝက်မကြီးတစ်ကောင်က သူ့ကလေးတွေနဲ့အတူ ခွေးပေါက်လေးတစ်ကောင်ကို ပြုစုပေးနေတဲ့ သတင်းတက်လာခဲ့ပါသေးတယ်။

F-02

  • TAGS