News

POST TYPE

ALSO IN NEWS

လေမွေ့ရာကြီး ရေပေါ်စီးပြီး ကနေဒါကို ခိုးဝင်ဖို့ ကြိုးစားတဲ့ အမေရိကန်လူငယ် အဖမ်းခံရ
10-Sep-2016
အာလာဒင်က ကော်ဇောပျံကို စီးပြီး ချစ်သူရှိရာ သွားခဲ့သလို အမေရိကန် အာလာဒင်ကလည်း မွေ့ရာကို လေထိုးပြီး ရေလမ်းကြောင်းကနေ ချစ်သူရှိရာကို သွားခဲ့လို့ အရေးယူခံနေရပါပြီ။

အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ် အရှေ့တောင်ပိုင်း စိန့်ခရို အစ်ဆ်မြစ်ထဲကနေ ကနေဒါနိုင်ငံ နယူးဘန်းစ်ဝစ်ခ်ကန်ဘက်ကို ဝင်ဖို့ ကြိုးစားတဲ့ အမေရိကန် တစ်ယောက်ကို ဖမ်းထားတယ်လို့ ကနေဒါ တာဝန်ရှိသူတွေက ဆိုပါတယ်။

သူဟာ အမေရိကန်ဘက်မှာ ရမ်းကားမှုတွေနဲ့ အမှုရှိနေလို့ ကနေဒါဘက်က သူ့ကို ဝင်ခွင့် မပေးထားတာ ဖြစ်ပါသတဲ့။

ကနေဒါသူ သူ့ချစ်သူဟာ ကိုယ်ဝန် ရှိနေပြီးတော့ သူ့ကို စိတ်မချလို့ ကနေဒါကို လာခဲ့တာပါလို့ အသက် ၂၅ နှစ်အရွယ် ဂျွန်ဘန်းနက်က ပြောကြားခဲ့ပါတယ်။

ဘန်းနက်ဟာ ကြာသပတေးနေ့က နယ်စပ်ဖြတ်ကျော် လူဝင်မှု ဥပဒေနဲ့ ထောင် နှစ်လ ကျသွားခဲ့ပါတယ်။

လေမွေ့ရာ ကြီးစီးပြီး သစ်သားပြားကြီး လှော်လာတဲ့သူ့ကို ဒေသခံ တစ်ဦးက လှမ်းမြင်လိုက်ရာကနေ ချစ်သူနဲ့ မဆုံစည်းရတဲ့ မင်းနန္ဒာလို ရဲတွေနဲ့ ဆုံစည်းလိုက်ရတာ ဖြစ်ပါတယ်။

Ref : UPI


  • VIA