News

POST TYPE

ALSO IN NEWS

၆ ပေ မိကျောင်းကို အိမ်မွေးတိရစ္ဆာန်လို မွေးထားတဲ့ အင်ဒိုအမျိုးသား
06-Feb-2018 tagged as


အင်ဒိုနီးရှားနိုင်ငံက မိသားစုတစ်စုဟာ ၆ပေလောက်ရှည်တဲ့ မိကျောင်းကြီး တစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ခြံထဲမှာမွေးထားခဲ့ပါသတဲ့။ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်က အသတ်ခံရခါနီး မိကျောင်းလေးကို တံငါသည်တွေထံကနေ ဝယ်ယူပြီး မွေးခဲ့တာလို့ ပိုင်ရှင်အမျိုးသား မစ္စတာအီရာဝမ်က ပြောကြားပါတယ်။ အသက်ကယ်ပြီး ဝယ်လာကာစက ၃၀ စင်တီမီတာသာ ရှိသေးတာဖြစ်ပါတယ်။

အဆိုပါမိကျောင်းကို သူက ကိုဂျက်လို့ အမည်ပေးထားပါတယ်။ “ဒီအကောင်လေးကို ကျွန်တော် သနားတယ်။ ဒါကြောင့် တံငါသည်တွေကို ငွေပေးပြီး သူ့ကို ခေါ်လာခဲ့တာပါ”လို့ အီရာဝမ်က ပြောကြားပါတယ်။ 

“သူဟာ ကျွန်တော့် မိသားစုဝင် ဖြစ်လာခဲ့ပါတယ်။ သူ့ကြောင့် မိသားစုကလည်း စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ အိမ်မှာသူရှိတော့ ထူးခြားတာပေါ့”လို့ သူက ပြောပြပါတယ်။ နှစ်ပေါင်းများစွာ ကိုင်တွယ်ပြုစုပေးခဲ့တာကြောင့် မိကျောင်းဟာ သူ့ကိုမိတ်ဆွေလို ဒါမှမဟုတ် မွေးစားဖခင်လို သဘောထားပါကြောင်းလည်း သူကဆိုပါတယ်။

F-02

  • TAGS