News

POST TYPE

ALSO IN NEWS

အိမ်ထောင်ကွဲ အထိမ်းအမှတ် မင်္ဂလာဝတ်စုံတွေ ဝတ်ပြီး ပါတီပွဲလုပ်ခဲ့ကြတဲ့ အမျိုးသမီးတွေ
05-Feb-2018


ကနေဒါ အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်ရေးပြိုကွဲခြင်းက သူမကို စိတ်ဓာတ်ကျမသွားစေခဲ့ပါဘူး။ ပါတီပွဲတောင် ပေးလိုက်ပါသေးတယ်။ ကနေဒါနိုင်ငံ ဆက်ကတ်ချီဝမ်ဒေသက အသက် ၃၆ နှစ်အရွယ် အမျိုးသမီး နီကိုးနိုက်စ်နာဟာ ၁၃ နှစ်ကြာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ကွာရှင်းခွင့်ကို တရားရုံးက ခွင့်ပြုလိုက်တဲ့စာ ရောက်လာပြီးတဲ့နောက်မှာ ထိုနေ့ကို ဘယ်လို လုပ်ရမလဲဆိုတာကို အကြံထုတ်ခဲ့ပါသတဲ့။ ဘာလုပ်ရင်ကောင်းမလဲဆိုတာကို အင်တာနက်မှာရှာရင်းနဲ့ အကြံရခဲ့တာ ဖြစ်ပါသတဲ့။ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ အဆိုပါပွဲကို ပြုလုပ်ခဲ့ကြတာဖြစ်ပါသတဲ့။ တခြားအိမ်ထောင်သည် သူငယ်ချင်းတွေလည်း သူ့ပါတီကို ရောက်လာကြပြီး အားလုံး မထင်ထားတဲ့ပုံစံနဲ့ ပါတီပွဲကို ကျင်းပခဲ့ကြပါတယ်။ အားလုံးဟာ ကိုယ့်ရဲ့ မင်္ဂလာဝတ်စုံတွေကို ယူလာခဲ့ကြပြီး အတူတကွ ဝတ်ဆင်ကာ ပွဲကိုဆင်နွှဲခဲ့ကြတာဖြစ်ပါသတဲ့။

F-02