News

POST TYPE

ALSO IN NEWS

ရေပိုက်ဆရာ ၈၅ ဦး ပါလာသောလေယာဉ် အိမ်သာပျက်၍ ပြန်လှည့်ခဲ့ရ
04-Feb-2018

လေယာဉ်ပေါ်မှာ ရေပိုက်နဲ့ ရေဆိုးစနစ် ကျွမ်းကျင်သူတွေ ၈၅ ဦးတောင် ပါလာလျက်ကယ်နဲ့ ရေဆိုးစနစ်ပျက်လို့ လေယာဉ်ကို ပြန်လှည့်ခဲ့ရပါသတဲ့။ နော်ဝေကနေ ဂျာမနီကို ပျံသန်းတဲ့လေယာဉ်ပေါ်မှာ အိမ်သာရေဆိုးစနစ် ယိုယွင်းခဲ့တာ ဖြစ်ပါတယ်။ ယိုယွင်းမှုကြောင့် အမြင့်ပေ သုံးသောင်းသုံးထောင် ဆွီဒင်နယ်စပ်ရောက်နေမှ ပြန်လှည့်သွားခဲ့တာ ဖြစ်ပါတယ်။

“လေကြောင်းအမှတ် DY1156 ဟာ စနေနေ့က မြူးနစ်ကို ပျံသန်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်သာပိုက်ပျက်လို့ အော်စလိုကို ပြန်လှည့်ခဲ့ရပါတယ်”လို့ နော်ဝေကိုယ်စားလှယ်တစ်ဦးက ပြောကြားပါတယ်။

“လေယာဉ်ကို ပြန်လည် ပြင်ဆင်ပြီး အဲဒီနေ့မှာပဲ ဆက်လက် ပျံသန်းခဲ့ပါတယ်”လို့လည်း ကြေညာပါတယ်။

လေယာဉ်ပိုက်ပျက်လို့ ပြန်ဆင်းရချိန်မှာ လေယာဉ်ပေါ်မှာ ရေပိုက်ပြင်ဆင်ခြင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ၈၅ ဦးတောင် ပါလာခဲ့တာကတော့ ထူးဆန်းတဲ့ တိုက်ဆိုင်မှုပါပဲ။

F-02