News

POST TYPE

ALSO IN NEWS

အီရတ်မြို့လမ်းမပေါ် ဝက်ဝံကြီးတစ်ကောင် လျှောက်သွား
03-Feb-2018


လွတ်လာတဲ့ ဝက်ဝံကြီးတစ်ကောင်ဟာ အီရတ်မြို့တစ်မြို့ရဲ့ လမ်းမတွေပေါ်မှာ လှုပ်လီလှုပ်လဲ့နဲ့ လျှောက်သွားနေတာကို အနီးအနားလူတွေက ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။

ဆီးရီးယား ဝက်ဝံအမျိုးအစား တစ်ကောင်ဟာ အယ်ဘာဆရာမြို့လမ်း တွေပေါ်မှာ လျှောက်သွားနေတာကို မျက်မြင်ကြုံခဲ့ရသူ အမ်မာကာဒင် ဆိုသူက ဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဝက်ဝံကိုရောင်းမယ်ဆိုပြီး ဆိုင်တစ်ဆိုင်မှာ လှောင်ထားတာကနေ လွတ်သွားတာ ဖြစ်ပါသတဲ့။

ဝက်ဝံကြီးက လမ်းဟိုဘက် ဒီဘက်ကို ပြေးသွားပြေးလာ လုပ်နေသလို လမ်းဘေးမှာလည်း လျှောက်သွားနေတော့  ဖြတ်သွားဖြတ်လာတွေ အကုန် လန့်သွားခဲ့ပါတယ်။

ယခုအခါ အဆိုပါ ဝက်ဝံကြီးကို မိသွားခဲ့ပြီးတော့ စတိုးဆိုင်ကို ပြန်ပို့လိုက်ပြီလို့ ဆိုပါတယ်။ 

ဝက်ဝံကြီးလွတ်နေချိန်မှာ လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရခဲ့ခြင်း မရှိပါဘူး။

F-02