News

POST TYPE

ALSO IN NEWS

စွပ်ဖားဆွဲနှင်းခွေးနဲ့ ပိုလာဝက်ဝံကြီးတို့ ခင်မင်သံယောဇဉ်ဖြစ်
01-Feb-2018 tagged as


ကနေဒါနိုင်ငံ မာနီတိုဘာဒေသမှာ ဓာတ်ပုံဆရာ တစ်ဦးဟာ မြင်တွေ့ရခဲတဲ့ ရုပ်သံဖိုင်တစ်ခုကို ရခဲ့ပါတယ်။ ပိုလာဝက်ဝံကြီးနဲ့ ခွေးတစ်ကောင်တို့ ခင်မင်ရင်းနှီးစွာ ကစားနေကြပုံပါ။ ပိုလာဝက်ဝံတွေကို ဓာတ်ပုံရိုက်ဖို့ လာခဲ့ရင်းနဲ့ အဆိုပါ ရှားရှားပါးပါး မြင်ကွင်းကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ ခွေးဟာ သံကြိုးတန်းလန်းနဲ့ဖြစ်တာမို့ တောခွေးမဟုတ်ဘဲ အိမ်မွေးစွပ်ဖားဆွဲခွေးဖြစ်တာကို ရုပ်သံအရ သိနိုင်ပါတယ်။

“ဝက်ဝံတွေက ခွေးတွေကို အရင်က သတ်ဖူးတာကြောင့် ဘာများ ဆက်ဖြစ်မလဲဆိုတာ ကျွန်တော်တို့ ရင်တထိတ်ထိတ်နဲ့ ကြည့်နေရတာပါ”လို့ အဆိုပါရုပ်သံကို ရိုက်ကူးသူက လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားပါတယ်။

ဝက်ဝံကြီးဟာ ကြီးမားသန်စွမ်းပြီးတော့ ကြမ်းတမ်းပေမယ့် သူ့ရဲ့ ခွေးသူငယ်ချင်းနဲ့ တကယ့်ကို ကစားချင်စိတ် ဖြစ်နေတာ မြင်သာပါတယ်။ ပြီးနောက်မှာခွေးနဲ့ ပိုလာဝက်ဝံတို့ဟာ လမ်းခွဲလိုက်ကြပြီး ဝက်ဝံက သူ့လမ်းသူ ဆက်သွားပါတယ်။ ခွေးလည်း ဘာဒဏ်ရာမှ မရခဲ့ပါဘူးတဲ့။

F-02

  • TAGS