News

POST TYPE

ALSO IN NEWS

ကားများနဲ့အပြည့် လိမ္မော်သီးခိုးသူတွေ စပိန်ရဲ ဖမ်းမိ
01-Feb-2018 tagged as


လိမ္မော်သီးတွေကို ပမာဏများများခိုးပြီး ကားပေါင်းစုံနဲ့ သယ်လာတဲ့သူခိုးအဖွဲ့ကို စပိန်ရဲက ဖမ်းမိလိုက်ပါတယ်။ ယင်းသို့ လိမ္မော်သီး အစုလိုက် အပြုံလိုက် ခိုးခံရမှုဖြစ်စဉ်ကို ဖော်ထုတ်လိုက်နိုင်တာ စပိန်နိုင်ငံ ဆီဗီလာမြို့မှာဖြစ်ပါတယ်။ အိမ်စီးကား နှစ်စီးနဲ့ ဗင်ကားတစ်စီးထဲမှာ လိမ္မော်သီးတွေကို အပြည့်အသိပ် တင်လာတဲ့ ဓာတ်ပုံကို ဆီဗီလာရဲက လူမှုကွန်ရက်ပေါ် ဓာတ်ပုံတင်ထားပါတယ်။ စုစုပေါင်း ခိုးရာပါ လိမ္မော်သီးဟာ ၄ တန်လောက် အလေးချိန် စီးပါတယ်။ ရဲကားကို တွေ့တာနဲ့ မူပျက်နေတာမို့ မသင်္ကာလို့ စစ်ဆေးကြည့်ရာမှာ အဆိုပါ လိမ္မော်သီးခိုးမှုကြီး ပေါ်သွားတာ ဖြစ်ပါတယ်။ ယင်းအမှုနဲ့ ဆက်စပ်ပြီး လူ ၅ ဦးကို ဖမ်းထားပြီးတော့ ကာမိုနာဒေသမှာ လိမ္မော်သီးဂိုဒေါင် အခိုးခံရမှုရဲ့ တရားခံတွေ ဖြစ်တယ်လို့ ရဲကဆိုပါတယ်။

F-02

  • TAGS