News

POST TYPE

ALSO IN NEWS

ဆင်ရိုင်းတစ်ကောင် တရုတ်မှ လာအိုသို့ တရားဝင်နယ်စပ်ဂိတ်မှ ခပ်တည်တည် ထွက်သွား
31-Jan-2018


တရုတ်နယ်စပ်ဂိတ်မှာ တပ်ထားတဲ့ CCTV ကင်မရာဗီဒီယိုအရ ဆင်ရိုင်းတစ်ကောင်ဟာ လာအိုဘက်ကို ခပ်တည်တည်နဲ့ နယ်စပ်ဂိတ်ကိုဖြတ်ပြီး ထွက်သွားခဲ့ပါတယ်။ ဆင်ကြီးဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သွားတာလို့ ဟာသလုပ် ရေးသားနေကြပါတယ်။ နယ်စပ်ဂိတ်က အတားအဆီးတွေကို ဆင်က ရှောင်လွှားကျော်သွားပြီး ယူနန်ပြည်နယ်နဲ့ ကပ်လျက် လာအိုနယ်မြေထဲကို ဝင်သွားတာဖြစ်ပါတယ်။ နယ်စပ်အရာရှိများက အနီးအနားရွာများကို ဆင်ရိုင်းသတိပေးချက်များ ထုတ်ပြန်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဆင်ဟာ သွားရာလမ်းအတိုင်းပဲ တရုတ်ဘက်ကို ၂ နာရီလောက်အကြာမှာ ပြန်ရောက်လာခဲ့ပါတယ်။ ဖြတ်သန်းသွားရာ နယ်စပ်ဂိတ်ကပဲ ခပ်တည်တည်နဲ့ ပြန်ဝင်လာပြီး တောအုပ်ထဲကို ဝင်သွားခဲ့ပါသတဲ့။ ဆင်ဟာ အစာလိုက်ရှာနေတာ ဖြစ်ပုံရတယ်လို့ တရုတ်နယ်စပ်အရာရှိ လီဇီဖူက ပြောကြားခဲ့ပါတယ်။

F-02