News

POST TYPE

ALSO IN NEWS

သမ္မတစီးတဲ့ လေယာဉ်က ရေခဲသေတ္တာတပ်ဆင်မှု ဒေါ်လာ ၂၄ သန်းကျသတဲ့
အမေရိကန်သမ္မတစီးတဲ့ Air Force One လေယာဉ်မှာ ရေခဲသေတ္တာစနစ်ကို အဆင့်မြှင့်ရာမှာ ဒေါ်လာ ၂၄ သန်းကျသင့်တာမို့ မီဒီယာတွေက ဝေဖန်ရေးသားနေပါတယ်။ အခွန်ထမ်းပြည်သူများရဲ့ ငွေကြေးများကို ယခုလို အသုံးပြုနေတယ်လို့ ဝေဖန်ကြတာလည်း ဖြစ်ပါတယ်။ သမ္မတထရမ့်စီးနေတဲ့ လေယာဉ်ကြီးထဲက ရေခဲသေတ္တာငါးလုံးကို အစားထိုးမှာဖြစ်တာမို့ လေကြောင်းလုပ်ငန်း ဘိုးအင်းကို ထိုပမာဏ ပေးချေရတာ ဖြစ်ပါတယ်။ သမ္မတစီးတဲ့ လေယာဉ်ပေါ်က အစားအသောက်တွေကို ရေရှည်အတွက် သိုလှောင်နိုင်ပြီး ရောက်တဲ့နေရာမှာ ထပ်မံ ဝယ်ယူဖြည့်တင်းစရာ မလိုအောင် ယခုလို ရေခဲသေတ္တာကြီးတွေ တင်ထားတာ ဖြစ်ပါတယ်။ ယခင် အသုံးပြုနေတဲ့စနစ်ဟာ ၁၉၉၀ ကာလများကစနစ်ဖြစ်တာကြောင့် အသစ်လဲလှယ်ဖို့ ဖြစ်လာတာပါ။ ရေခဲသေတ္တာတွေလဲဖို့ အမေရိကန်ဒေါ်လာ ၂၄ သန်း ကျသင့်တယ်ဆို တာကတော့ နည်းနည်း များသွားပြီလို့ မြင်ကြသူတွေလည်း ရှိပါတယ်။

F-02