News

POST TYPE

ALSO IN NEWS

ခွေးလေးကို နို့တိုက်ပြီး စောင့်ရှောက်ထားတဲ့ ဝက်မကြီး
27-Jan-2018
ကလေးအမေ ဝက်မကြီးတစ်ကောင်ဟာ ဗိုက်ဆာနေတဲ့ ခွေးပေါက်လေးတစ်ကောင်ကို တခြားဝက်တွေနဲ့အတူ နို့တိုက်နေတဲ့ပုံကို ထိုင်းနိုင်ငံက လယ်သမားတစ်ဦးက ဗီဒီယိုမှတ်တမ်း တင်ထားပါတယ်။

ထိုင်းနိုင်ငံ ကိုရတ်ဒေသက ယာတော မွေးမြူရေးခြံတစ်ခုမှာ အဆိုပါ အဖြစ်အပျက်ကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ တခြားဝက်ကလေးတွေနဲ့အတူ ခွေးပေါက်လေးက နို့တွေ ဝင်စို့နေပြီး ဝက်မကြီးက တားမြစ်ခြင်းမရှိပါဘူး။ ခွေးကလေးဟာ အငမ်းမရ နို့ကိုစို့နေပြီး တခြား ဝက်ကလေးတွေကိုလည်း ရန်လုပ်ပါသေးတယ်။ ခွေးကလေးဟာ မိဘမဲ့ကလေးလားဆိုတာကိုတော့ ဗီဒီယိုဖိုင်ကို အင်တာနက်ပေါ် တင်ထားတဲ့ပုဂ္ဂိုလ်က မဖော်ပြထားပါဘူး။ တိရစ္ဆာန်တွေဟာ မျိုးမတူကြပေမယ့် တစ်ဦးကိုတစ်ဦး အပြန်အလှန် စောင့်ရှောက်ခင်တွယ်ကြပုံတွေကို မကြာခဏ တွေ့ရတတ်ပါတယ်။

F-03