News

POST TYPE

ALSO IN NEWS

မြောက်အမေရိက အသက် အကြီးဆုံး နှင်းမျောက်ကြီး အသက် ၃၃ နှစ်ပြည့်မွေးနေ့ ကျင်းပ
08-Sep-2016
အမေရိကန် ပြည်ထောင်စု မင်နီဆိုတာ ပြည်နယ်က တိရစ္ဆာန်ရုံ တစ်ရုံမှာနေတဲ့ မျောက်ကြီးဟာ အသက်အကြီးဆုံး နှင်းမျောက်ကြီး အဖြစ် မှတ်တမ်း ဝင်ပါတယ်။

သူ့ရဲ့ ၃၃ နှစ်မြောက် မွေးနေ့ပွဲကို တိရစ္ဆာန်ရုံမှာပဲ ကျင်းပခဲ့ပါတယ်။ သူ့နာမည်က နစ်ကို ဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့မှာ ၃၃ နှစ်ပြည့်ပြီး ဖိုးသက်ရှည် စာရင်း ဝင်သွားတာ ဖြစ်ပါတယ်။

မွေးနေ့ပွဲနေ့မှာ နစ်ကိုဟာ အခြား နှင်းမျောက်တွေနဲ့ ပျော်ရွှင်စွာ ခုန်ပေါက် ကစားနေတာကို တွေ့ရခဲ့ပါတယ်။ တိရစ္ဆာန်ရုံကို ရောက်လာတာ ၂ဝဝ၁ ခုနှစ် ကတည်းကဖြစ်ပြီး လိမ္မာတဲ့ အကောင်လေး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အသက် ၃၃ နှစ်အထိ အသက် ရှည်နေခြင်းဟာ သာမန် မျောက်တွေထက် များစွာ အသက်ရှည်ခြင်း ဖြစ်ကြောင်းလည်း တိရစ္ဆာန်ရုံက သုံးသပ် ထားပါတယ်။

“ခေါင်းဆောင် တစ်ယောက်သဖွယ် မျောက်အုပ်ထဲမှာ ရှိနေတဲ့ နစ်ကိုဟာ မျောက်အုပ်ထဲက ရန်ပွဲတွေကိုလည်း ဖျန်ဖြေ ပေးတတ်ပါတယ်”လို့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ တွမ်နက်စ်က ပြောကြားပါတယ်။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် အခြား အကောင်တွေထက်ပိုပြီး အသက်ရှည်တာ ဖြစ်တယ်လို့ သုံးသပ် ထားပါသေးတယ်။

Ref : UPI 


  • VIA