News

POST TYPE

ALSO IN NEWS

ကိုယ်စားဖို့ ကိုယ်တိုင် ငါးမျှားရတဲ့ နယူးယောက်က စားသောက်ဆိုင်
25-Jan-2018


နယူးယောက်မြို့တော်မှာ အသစ်ဖွင့်ထားတဲ့ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ဟာ ဆိုရင်ဖြင့် စားသုံးသူတွေကို ကိုယ်စားမယ့် အစားအစာကို ကိုယ်တိုင် ဖမ်းခိုင်းပါသတဲ့။ Zauo စားသောက်ဆိုင်မှာ စားသောက်မယ့်ဖောက်သည်တွေဟာ ငါးမျှားတံနဲ့ အလွန်ကြီးမားတဲ့ တိုင်ကီကြီးထဲက ငါးတွေကို ရအောင်ဖမ်းရတာ ဖြစ်ပါတယ်။ တိုင်ကီကြီးထဲမှာ ငါးမျိုးစုံလင်စွာ ထည့်ထားတာဖြစ်ပါတယ်။ ငါးဖမ်းသမား တစ်ယောက်လို ငါးမျှားရတာဖြစ်ပြီး မိသွားခဲ့ရင်တော့ ဆိုင်ဝန်ထမ်းတွေက လာယူသွားပေးပြီး ချက်ပြုတ်ပေးပါတယ်။ ငါးမျှားတံကိုတော့ ငှားရပြီးတော့ ငါးစာကတော့ အခမဲ့ဖြစ်ပါသတဲ့။ လာရောက်စားသောက်တဲ့ ဖောက်သည်တွေဟာ သူတို့မိလာတဲ့ငါးတွေကို တန်ပူရာကြော်စားမလား၊ ဆာရှီမီ လုပ်စားမလား၊ ဆူရှီလုပ်မလားဆိုတာ ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။

F-02