News

POST TYPE

ALSO IN NEWS

အိုဟိုင်းအိုးကောလိပ်ကျောင်းဝင်းထဲက လင်းတများကို ရှင်းလင်းပေးစေလို
23-Jan-2018

အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုးကောလိပ်ကျောင်းဝင်းတစ်ခုထဲမှာ မင်းမူသောင်းကျန်းလာနေတဲ့ လင်းတကောင်တွေ အလိုမရှိဘူးလို့ ကျောင်းက ပြောနေပါတယ်။ ဒါကြောင့် ကျောင်းဝင်းထဲမှာ လင်းတပြေးမီးပန်းမီးရှူးများဖြင့် ခြောက်လှန့်ခြင်းများ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ လင်းတတွေကြောင့် ဒန်နီဆန် တက္ကသိုလ်မှာ အနည်းဆုံး ဒေါ်လာငါးသောင်းဖိုးလောက် အမိုးပြင်ဆင်ရမှုများ လုပ်နေရတယ်လို့ ဆိုပါတယ်။ လင်းတတွေကြောင့်လည်း သန့်ရှင်းရေးနဲ့ပတ်သက်ပြီး ထိခိုက်စရိတ်တွေ ကျခံနေရတယ်လို့ ဆိုပါတယ်။ လင်းတတွေဟာ ရှားပါးတိရစ္ဆာန်တွေလည်းဖြစ်တာကြောင့် အန္တရာယ်ကင်းတဲ့ နည်းလမ်းများနဲ့သာ ခြောက်လှန့်ကြဖို့ အမေရိကန်သားရိုင်းဌာနက အကြံပြုထားပါတယ်။ မြို့ထဲကလူတွေကလည်း သူတို့ မြို့ထဲကို လင်းတတွေရွှေ့လာမှာကို မလိုလားမှုများ ရှိနေပါတယ်။ အရုပ်ဆိုးသူကို မုန်းနိုင်ကြပါပေ့ကွယ်။

F-02