News

POST TYPE

ALSO IN NEWS

ဒိုးနတ်မုန့်စားချန်ပီယံ ဒိုးနတ်ဆိုင်ကို ဖောက်ထွင်းလို့တဲ့
22-Jan-2018
အမေရိက မြောက်ကယ်ရိုလိုင်းနားဒေသက အမျိုးသားတစ်ဦးဟာ ဒိုးနတ်စားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဆိုပါ အမျိုးသားဟာ ဒိုးနတ်ဆိုင်ကို ဝင်ဖောက်ခဲ့တာမို့ ခုတော့ အဖမ်းခံလိုက်ရပါပြီ။ ဆိုင်ကိုခိုးဖို့ ကြိုးစားတယ်ဆိုပြီး အဖမ်းခံရတာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဘရက်ဒ်လေဟက်ဒီဆန်ဟာ အဲလိဇဘတ်မြို့က Dunkin ဒိုးနတ်ဆိုင်ကို ဖောက်ထွင်းမှုကြောင့် အဖမ်းခံရတာ ဖြစ်ပါတယ်။ ဆိုင်ကို ဖောက်ထွင်းဝင်ရောက်တာ ဒိုးနတ် သိပ်ကြိုက်လို့များလား ဆိုတာတော့ မသိသေးပါဘူး။ သူဟာ ယခင်ကလည်း ဖောက်ထွင်း ဝင်ရောက်မှုတွေ များစွာနဲ့ အဖမ်းခံရဖူးပါတယ်။ ဒိုးနတ်စားတာ ကျွမ်းကျင်ပေမယ့် ဒိုးနတ်ဆိုင်ကို ဖောက်တာမှာတော့ မိသွားခဲ့ရှာသူ အမျိုးသားဟာ ဝန်ခံထားတယ်လို့လည်း သတင်းများက ရေးသားထားပါတယ်။

F-02