News

POST TYPE

ALSO IN NEWS

အမေရိကန် လွှတ်တော်အမတ်ဟောင်း မူးယစ်ဆေးဝါးဖောက်ကားမှုဖြင့် ထောင် ၁၈ နှစ်ကျ
21-Jan-2018

အမေရိကန်ပြည်ထောင်စု မွန်တားနား ပြည်နယ်လွှတ်တော် အမတ်တစ်ဦးဟာ မူးယစ်ဆေးဝါး မီသာမက်ဖီတမင်း ရောင်းဝယ်ဖောက်ကားမှု ဂိုဏ်းတစ်ဂိုဏ်းမှာ အဓိက ပါဝင်ပတ်သက်နေတာမို့ ထောင် ၁၈ နှစ် ကျသွားခဲ့ပါပြီ။ သူဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ တိုးမြှင့်ဖို့အတွက်ကို ထောက်ခံဆွေးနွေးခဲ့ဖူးသူ ဖြစ်ပါတယ်။ ၂၀၀၇ ပြည်နယ်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်ခေါင်းဆောင်လည်းဖြစ်ဖူးတဲ့ မိုက်ကယ်လန် ဂီဟာ ပေါင် ၅၀ လောက်ရှိတဲ့ မက်သ်ဆေးဝါးတွေကို သယ်ပို့လမ်းရှင်းရာမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ မွန်တားနားနဲ့ ဝိုင်ယိုမင်ပြည်နယ်တို့မှာရှိတဲ့ မူးယစ်ရောင်းဝယ်ရေး ကွန်ရက်များနဲ့လည်း ဆက်သွယ်ထားတာ ဖြစ်ပါတယ်လို့ FBI က ဆိုထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မိုက်ကယ်လန်ဂီက ဝန်ခံထားပြီးတော့ ယခုမှ အမိန့်ချခဲ့တာပါ။ ၂ နှစ် လွှတ်တော်သက်တမ်း ၃ ကြိမ်တိတိ တာဝန်ယူဖူးတဲ့ မစ္စတာလန်ဂီဟာ ၂၀၁၄ ခုနှစ်အထိ ပြစ်မှုကင်းရှင်းခဲ့ဖူးပါတယ်။

F-02