News

POST TYPE

ALSO IN NEWS

ကမာကောင်ကို အလိုအလျောက် ရောင်းပေးတဲ့ ပြင်သစ်ကစက်
20-Jan-2018
ကမာကောင်စားသောက်ရတာကို အနောက်တိုင်းသားတွေက သိပ်ကြိုက်ကြပါတယ်။ အခွံထဲကနေ အကောင်ကို ရွှတ်ခနဲ စုပ်လိုက်ပြီး စားသောက်တာမျိုးပါ။

ဒီလို သူတို့သိပ်ကြိုက်တဲ့ ကမာကောင်မျိုးကို နှစ်သက်တဲ့အချိန် ဝယ်ယူစားသောက်နိုင်အောင်လို့ ပြင်သစ်မြို့တစ်မြို့ မွေးမြူရေးသမားတွေက ကမာရောင်းတဲ့စက်ကို အသုံးပြုနေပါပြီ။

Île de Ré လို့အမည်ရတဲ့ ကျွန်းမှာ နေထိုင်ကြတဲ့ ကမာမွေးမြူရေးသမားတွေဟာ လာရောက်စားသောက် မှာယူကြတဲ့ ဖောက်သည်တွေကို အပြည့်အဝ မပေးနိုင်လို့ စဉ်းစားခဲ့ရပါသတဲ့။

နောက်ဆုံးတော့ ၂၄ နာရီ ဝယ်ချင်တိုင်း ဝယ်နိုင်အောင် ရောင်းချရေးစက်ကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါသတဲ့။

ကျသင့်တဲ့ငွေကြေးကို အီလက် ထရွန်နစ်စနစ်ထဲကနေ ထည့်သွင်းပြီး ရေခဲစက်ထဲက လတ်လတ်ဆတ်ဆတ် ကမာကိုရရှိမှာ ဖြစ်ပါသတဲ့။

“ဆိုင်ပိတ်တဲ့အချိန်အထိ လူတွေက ဆိုင်တံခါးဝမှာ လာလာမေးနေကြတယ်။ ဖောက်သည်တွေအတွက်ရော၊ ကျွန်တော်တို့အတွက်ရော အဆင်မပြေပါဘူး”လို့ တိုနီဘာသာလော့ ဆိုသူ မွေးမြူရေးသမားက ပြောကြားပါတယ်။ 

F-02