News

POST TYPE

ALSO IN NEWS

မလေးရှားဆူလ်တန်အတွက် သစ်လုံးဒီဇိုင်းကားအသစ်
18-Jan-2018
မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ်ရဲ့ ဆူလ်တန်စော်ဘွား အီဘရာဟင်ဆူလ်တန် အစ်စ်ကန်ဒါဟာ နာမည်ကျော် ကာတွန်းကား Fred Flintstone ရဲ့ ပရိသတ်ဖြစ်ပါတယ်။ အဆိုပါကာတွန်းကားထဲက ကျောက်ခေတ်လူသားတွေစီးတဲ့ သစ်လုံးထွင်း ကျောက်တုံးကားကို သိကြမှာပါ။ ဩဇာအာဏာ ကြီးမားချမ်းသာလှတဲ့ ဆူလ်တန်အတွက်လည်း အဆိုပါကားကို ဖန်တီးပေးထားပါတယ်။ အပြင်ပန်းမှာ ကျောက်တုံး ဘီး၊ သစ်လုံးကား ဆိုပေမယ့် တကယ့်ကို အင်ဂျင်ပါတဲ့ မောင်းလို့ရတဲ့ကားပါတဲ့။ ဂျိုဟာပြည်နယ် ဆူလ်တန်အတွက် မွေးနေ့လက်ဆောင် အဆိုပါကာတွန်းကားကို အခြား ပြည်နယ် ဆူလ်တန်တစ်ပါးက ပေးတာဖြစ်ပါသတဲ့။ အဆိုပါ ကာတွန်းကားကို တောင်ပိုင်း ကမ်းခြေပြည်နယ်မှာ ဆောက်ထားတဲ့ Flintstone ပုံစံအိမ်ကို သယ်ဆောင်သွားမှာ ဖြစ်ပါသတဲ့။

ကာတွန်းဇာတ်ကောင် Fred ရွတ်ဆိုတတ်တဲ့ Yabba, dabba, doo ဆိုပြီး ဆူလ်တန်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အဆိုပါ ကားပုံကိုတင်ပြီးတော့ ရေးသားထားပါတယ်။

F-02