News

POST TYPE

ALSO IN NEWS

တစ်စက်ရုံလုံး ဒေါ်လာ တစ်သန်းထီပေါက် အလုပ်သမားအားလုံးခွဲယူ
18-Jan-2018

အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်တွင် စုပေါင်းထီတစ်စောင်က ဒေါ်လာတစ်သန်းထီ ထပေါက်ခဲ့ရာမှာ အဆိုပါထီဟာ စက်ရုံလုပ်သားများရဲ့ထီ ဖြစ်နေပါတယ်။ စုစုပေါင်း အလုပ်သမား ၁၆၆ ဦးဟာ ကနဦးဆုငွေ အမေရိကန် ဒေါ်လာ ၆၀၂၄ ဒေါ်လာကို ခွဲဝေယူရမှာ ဖြစ်ပါတယ်။

“ကျွန်မက ဦးဆောင်ပြီးတော့ ပိုက်ဆံထုတ်ရမှာ ဖြစ်ပါတယ်”ဟု အစုလိုက်ထီမှ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ပက်ဂီလန်းစ်ဖို့ဒ်က ပြောကြားပါတယ်။

ထီပေါက်မှန်းသိသွားတဲ့အခါ အင်္ဂါနေ့ အလုပ်မှာ လူစုံတုန်း ကြေညာပေးလိုက်ခဲ့ပါတယ်။ တစ်စက်ရုံလုံး ဝေးကနဲ ထပြီးအော်ဟစ်ခဲ့ကြတယ်လို့ ထီပေါက်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။ အလုပ်သမားလေးဦး ဦးဆောင်ကာ ထီဆုကို သွားထုတ်ကြပြီး ကျန်အလုပ်သမားများက ထီလက်မှတ် ရောင်းပေးတဲ့ ဆိုင်နာမည်နဲ့ တီရှပ်များကို ဝတ်ဆင်ဂုဏ်ပြုခဲ့ကြပါတယ်။

F-02