News

POST TYPE

ALSO IN NEWS

အဆိပ်ရှိငါး ဝယ်ယူစားသုံးနေမှု ဂျပန်အာဏာပိုင် အရေးပေါ်သတိပေး
16-Jan-2018

Blowfish ငါးဟာ အလွန် အဆိပ်ပြင်းတဲ့ ကိုယ်တွင်းအင်္ဂါတွေ ပါဝင်ပါတယ်။ စားမိရင် သေစေပါတယ်။ ဂျပန်တွေကလည်း အဲဒီငါးအသားဆို ကြိုက်မှကြိုက်။ ဂျပန်နိုင်ငံ ဂါမာဂိုရီမြို့မှာတော့ ထိုငါးကို ဝယ်ယူစားသုံးခြင်း မလုပ်ဖို့ အရေးပေါ် ကြေညာလိုက်ပါတယ်။ ဖူဂူငါးလို့ ဂျပန်မှာခေါ်တဲ့ Blowfish ရဲ့ အသည်းမှာအဆိပ် အလွန် ပြင်းပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းက သေချာဖယ်မထုတ်ဘဲ ရောင်းချမှုများ ရှိခဲ့ပါတယ်။ အာဏာပိုင်ဟာ အဆိုပါငါးများကို လိုက်လံသိမ်းရာမှာ သုံးထုပ်ပဲ ပြန်ရပြီး နှစ်ထုပ် မရသေးတာမို့ လူတွေစားမိမှာ စိုးရိမ်နေပါတယ်။ အဆိုပါငါးကို အလွန် ကျွမ်းကျင်သူများကသာ အသားနွှာသင့်ပြီး အသေးငယ်ဆုံးသော မှားယွင်းမှုကပင် လူကို သေစေနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ နှစ်တိုင်း ဖူဂူငါးအဆိပ်သင့်မှုများရှိပြီး အချိန်မီတော့ ကယ်ဆယ်နိုင်ခဲ့တာချည်းပါပဲ။ ဂျပန်ဟာ ပင်လယ်ငါးစားသုံးမှု မြင့်မားတဲ့နိုင်ငံဖြစ်ပါတယ်။

F-02