News

POST TYPE

ALSO IN NEWS

ခွဲခန်းဝင် နေရတဲ့ သခင်ကို ဆေးရုံဝက မခွာဘဲ စောင့်ဆိုင်းနေတဲ့ စပိန်က ခွေးမလေး
07-Sep-2016
မာယာလို့ အမည်ရတဲ့ ခွေးကလေးဟာ ခွဲခန်းဝင် နေရတဲ့ ပိုင်ရှင်ကို ဆေးရုံ အပေါက်ဝက မခွါဘဲ ခြောက်ရက်ကြာ စောင့်ဆိုင်းခဲ့တာမို့ စပိန်မှာ နာမည်ကျော် နေပါတယ်။ မာယာဟာ ဆန်ဒြာအင်နီယစ္စတာနဲ့ ဖခင်ဖြစ်သူ အန်းဒရက်စ် အင်နီယစ္စတာတို့ ပိုင်တဲ့ ခွေးကလေး ဖြစ်ပါတယ်။

ခရီး တစ်ခု ထွက်ပြီး ဘာစီလိုနာက သူတို့ နေအိမ်ကို ပြန်အရောက်မှာ အူအတက်ခွဲရတဲ့ ဆန်ဒြာကို စိတ်ပူလို့ မာယာက ဆေးရုံ အပေါက်ဝမှာ လာစောင့်နေတာ ဖြစ်ပါတယ်။ အသက် ၂ နှစ်အရွယ် ခွေးမလေးဟာ အကီတာအီနူး အမျိုးအနွယ် ဖြစ်ပြီး ဆေးရုံ အပေါက်ဝကနေ အိမ်ပြန်ခိုင်းပေမယ့် မပြန်တာပါ။ ပိုင်ရှင်ဖြစ်သူ ဆေးရုံ တက်နေရတဲ့ ခြောက်ရက်တာ ကာလပတ်လုံး ဆေးရုံပေါ်မှာပဲ ရှိနေတာပါ။ ဆေးရုံက ခွေးကလေးရဲ့ပုံကို လူမှုကွန်ရက် မီဒီယာပေါ် တင်ပြီးတဲ့အခါမှာ ခွေးလေးဟာ အွန်လိုင်းမှာ လူသိများ ထင်ရှားတဲ့ ဆယ်လီ ဖြစ်သွားပါတော့တယ်။

“ခွေးမလေးဟာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သိနေပြီး၊ စိတ်ရှည်လက်ရှည် စောင့်မယ်ဆိုတဲ့ အမူအရာလည်း ပေါ်နေပါတယ်”လို့ အန်ဒရက်စ် အင်နီယစ္စတာက ဆိုပါတယ်။

“ဘာစီလိုနာမှာ ရှိနေတုန်းကလည်း ခွေးမလေးဟာ ကျွန်မ ပြန်မလာမချင်း အိမ်တံခါးမှာ စောင့်နေတတ်ပါတယ်”လို့ ဆန်ဒြာကလည်း Twitter မှာ ရေးထားပါသေးတယ်။

Ref : UPI


  • VIA