News

POST TYPE

ALSO IN NEWS

နှစ်တစ်ထောင်သက်တမ်းရှိ နွေရာသီစံနန်းတော် တရုတ်တွင် တွေ့ရှိ
15-Jan-2018

လျောင်မင်းဆက်ကာလက ထိပ်သီးလူ့မလိုင်များ အသုံးပြုခဲ့ဖွယ်ရှိတဲ့ နွေရာသီ စံနန်းဆောင်ဟောင်းတစ်ခုကို ရှေးဟောင်းသုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ယခုအခါ အတွင်းပိုင်း မွန်ဂိုလီးယားပြည်နယ်လို့ သတ်မှတ်ထားတဲ့ဒေသကို တော်ဝင် မိသားစုတွေနဲ့ နန်းတော်အရာရှိတွေက နွေရာသီမှာရွှေ့ပြောင်းကြဖွယ်ရှိပါတယ်။ တူးဖော်တွေ့ရှိမှုတွေထဲမှာ အမိုးပြားများ၊ အိုးများ၊ ကြေးရိုက်သံများ ပါဝင်တယ်လို့ သုတေသီတွေက ပြောကြားပါတယ်။ အဆောက်အအုံပေါင်း ၁၂ လုံးခန့်ရဲ့ ဖောင်ဒေးရှင်း အောက်ခံ အဆောက်အအုံတွေကိုလည်း တွေ့ခဲ့ရပါသတဲ့။ ထိုဒေသတစ်ဝိုက်မှာ ထပ်မံတူးဖော် သုတေသနများ ပြုလုပ်သွားမယ်လို့လည်း တာဝန်ရှိသူများက ဆိုပါတယ်။ တရုတ်နိုင်ငံသမိုင်းမှာ ဘုရင့်နိုင်ငံများ၊ မင်းဆက်များစွာ ရှိခဲ့ပြီး ရှေးဟောင်း သုတေသန အထောက်အထား များစွာကို တူးဖော်ရရှိလျက်ရှိပါတယ်။

F-02