News

POST TYPE

ALSO IN NEWS

Camera စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ အမိုက်စား HUAWEI nova 2i Aurora Blue Edition
14-Jan-2018

HUAWEI nova 2i ရဲ့ ဖုန်းမျက်နှာပြင် ကျယ်ကျယ်၊ ကင်မရာကောင်းကောင်းနှင့် ဒီဇိုင်းကလည်း ကျစ်လစ်ပြီး သတ္တု Body နှင့် ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ HUAWEI nova 2i ရဲ့ မျက်နှာပြင်ကိုကြီးမားတဲ့ 5.9 – inch နှင့် မြင်တွေ့နိုင်ပြီး အနားကွပ်မဲ့စွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အနားကွပ်မဲ့ဘောင်နဲ့ သင့်အား အမြင်ကိုရှင်းလင်းစေသလို screen size ကြီးမားတဲ့အတွက် သင့်ကြည့်ရှုအသုံးပြုရတာ အထူးကောင်းမွန်မှာ သေချာပါတယ်။ စာဖတ်သူ နားလည်အောင် ဘောင်ပျောက်နဲ့ ဖန်တီးထားပါတယ်။ ရုပ်ထွက်ကလည်း FHD + Resolution ကို အသုံးပြုထားတဲ့အတွက် အသုံးပြုသူကို ကြည်လင်ပြတ်သားစွာ တွေ့ရှိရမှာ မလွဲပင်ဖြစ်ပါတယ်။ သင် Social Media ပဲသုံးသုံး၊ ရုပ်ရှင်ပဲကြည့်ကြည့်၊ စာပဲဖတ်ဖတ်၊ ဂိမ်းပဲကစား ကစား အကောင်းဆုံး ရုပ်ထွက်ကို ခံစားရမှာပါ။

ဖုန်းရဲ့ ကိုယ်ထည်ကို Full metal နဲ့ ဖွဲ့စည်းထားတဲ့အတွက် ကိုင်တွယ်ရာတွင် ကျစ်လစ်ပြီး အသုံးပြုလွယ်ကူစေပါတယ်။ ဖုန်းရဲ့ ကိုယ်ထည်ကို ကျစ်လစ်စွာ ဖွဲ့စည်းထားပြီး ကြီးမားတဲ့ Screen အရွယ်အစား 5.9 inch ကို အသုံးပြုထားတဲ့အတွက် Application နှစ်ခုကို တပြိုင်တည်း အသုံးပြုရင် အခက်အခဲ မရှိနိုင်ပါဘူး။ Application နှစ်ခုလို့ပြောတဲ့ split app ကို သင့်ဖုန်း screen ပေါ်မှာ တပြိုင်ထဲ အသုံးပြုနိုင်ပါသေးတယ်။ တစ်ခုက စာဖတ်၊ တစ်ခုက video ကြည့်နိုင်ပါသေးတယ်။ ပါးပြီး ပေါ့ပေါ့ပါးပါးရှိတဲ့အတွက် သယ်ဆောင်ရတာ လွယ်ကူပြီး လက်ထဲက မချချင်လောက်အောင် ကောင်းလှပါ တယ်။ သင်ကိုင်လိုက်တာနဲ့  Premium ဆန်တယ်ဆိုတာ သိသိသာသာ ခံစားရမှာပါ။

ဘောင်များကို အနားကွပ်ထားခြင်း၊ သတ္တု Body ကို အပြည့်အဝ သုံးစွဲထားခြင်းကြောင့် လက်ထဲတွင် ကိုင်လိုက်တာနဲ့ အလိုက်သင့် ထိတွေ့ခံစားရမှာ သေချာပါတယ်။ ရိုးရှင်းပြီး ပေါ့ပါးတာဟာလဲ HUAWEI nova 2i ရဲ့ အားသာချက်ဖြစ်ပါတယ်။

HUAWEI nova 2i ရဲ့ Camera က ကမ္ဘာကြီးရွေ့လျားမှုများကို မပျက်ရိုက်ကူးနိုင်မှာ သေချာပါတယ်။ အံ့သြစရာကောင်းလှတဲ့ ကင်မရာ (၄) လုံးနှင့်အတူ ပွဲထွက်လာတဲ့ HUAWEI nova 2i က သင့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ အပေါင်းအသင်းများနှင့် အမှတ်တရများကို လွယ်လွယ်ကူကူနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် အရောင်အသွေး စုံလင်စွာ ရိုက်ကူးနိုင်ပြီး ကြည်လင်ပြတ်သားမှု အထူးကောင်းမွန်တာ တွေ့ရပါတယ်။ 
 
ကျောဘက်ကင်မရာကို 16 MP နှင့် 2 MP ကင်မရာတို့ ပေါင်းစပ်ထားတာ တွေ့ရပါတယ်။ ရှေ့ကင်မရာကိုတော့ 13 MP နှင့် 2 MP ပေါင်းစပ်ထားပြီး ထူးခြားချက်အနေနှင့် ရှေ့မြင်ကွင်းကို ကျယ်ပြန့်စွာ ရိုက်ကူးနိုင်ပြီး Moving Picture Effect နဲ့လည်း ရိုက်ကူးနိုင်ပါတယ်။ Moving picture effect ဆိုတာ က iPhone မှာ ပါဝင်ခဲ့တဲ့ ရုပ်ပြောင် အရှင်များ၊ animation များကို ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ပုံ သူငယ်ချင်းများနဲ့အတူ Fun mode ပဲရိုက်ရိုက်၊ Moving Effect ပဲရိုက်ရိုက် သင့်ကို စိတ်ကျေနပ်မှုနဲ့အတူ ပျော်ရွှင်မှုကို ပေးစွမ်းမှာသေချာပါတယ်။

HUAWEI nova 2i ရဲ့ ကင်မရာက Professional လို ရိုက်ကူးနိုင်ပါသေးတယ်။ လိုသလို အချိန်အဆ များစွာဖြင့် သင့်ရဲ့ အနုပညာ စိတ်ကူးနဲ့ အလန်းစားပုံများကို ရိုက်ကူးနိုင်မှာ သေချာပါတယ်။ အသေးစိတ် ချိန်ညှိနိုင်ပြီး Bokeh Effect နှင့် Portrait Effect တို့ဖြင့် ရိုက်ကူးနိုင်မှုကြောင့် သင်စိတ်ကျေနပ်မှာ သေချာပါတယ်။ Bokeh Effect ဆိုတာက ယခုခေတ်စားနေတဲ့ ရိုက်ကူးနည်းပဲ ဖြစ်ပါတယ်။ နောက်ခံဝါးဝါးနဲ့ ကိုယ့်ရဲ့ပုံကို ပြတ်သားစွာ ဖန်တီးမှုပဲ ဖြစ်ပါတယ်။ Focusing ကောင်းမွန်ခြင်းတို့ကြောင့် အလင်းအမှောင်ကို လိုသလို ချိန်ညှိပြီး သဘာဝအလှတရားကို သဘာဝကျကျ ရိုက်ကူးနိုင်မှာပါ။
  
HUAWEI Beauty 4.0 လို့ခေါ်တဲ့အချက်က သင့်အား ပိုမိုလင်းလက် တောက်ပစွာ ရိုက်ကူးနိုင်ပြီး သင့်ရဲ့ မျက်နှာပြင်အား ကြည်လင်ပြတ်သားစွာ တွေ့ရမှာသေချာပါတယ်။ HUAWEI nova 2i မှာ ကြိုတင်ထည့်သွင်းထားတဲ့ Make-up effect များ၊ Fun Effect များကြောင့် သင့်အား ပျော်ရွှင်စေမှာပါ။ အပေါ်က ပြောခဲ့တဲ့ Moving effect ဆိုတာ ပုံတစ်ခုထဲ မဟုတ်ဘဲ ၂ စက္ကန့်စာ Movie များ ထည့်သွင်းပြီး ရုပ်သွင်အရှင်ဖြစ်အောင် ဖန်တီးပေးခြင်းဖြစ်ပါတယ်။ အချိန်ကာလ ရွေ့လျားမှုများက တန်ဖိုးရှိလှပါတယ်။
 
HUAWEI nova 2i တွင် Kirin 659 Chipset အသုံးပြုပြီး 2.36 GHz ထိ စွမ်းဆောင်နိုင်ပြီး 4GB RAM ကို ထည့်သွင်းပေးထားတဲ့အတွက် လုပ်ငန်းဆောင်တာများကို ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် အသုံးပြုနိုင်မှာပါ။ OS အနေနဲ့ Android 7 ကို အခြေခံထားတဲ့ Huawei ရဲ့ EMUI 5.1 OS ကို တွေ့မြင်ရပြီး ၎င်းရဲ့ Ultra Memory Features ကလည်း ကူညီပေးထားတဲ့အတွက် သင့်ရဲ့လုပ်ငန်း Games များ ကစားခြင်းကို ချောချောမွေ့မွေ့ ဖြစ်စေမှာပါ။

HUAWEI nova 2i ရဲ့ ထူးခြားချက်က ၎င်းရဲ့ CPU Kirin ကြောင့် Battery ကို ပိုမိုသက်သာစေသလို EMUI ကလည်း Battery ကို အထူးသက်သာမှုနဲ့ ဖန်တီးထားတဲ့အတွက် Battery ပိုင်းလဲ ကောင်းမွန်လှပါတယ်။  3340 mAh ကို အသုံးပြုထားတဲ့အတွက် ပုံမှန် အသုံးပြုမှုအတွက် (၂) ရက်တိတိ ခံနိုင်ရည်ရှိပါတယ်။ သင်ခရီးသွားတာဘဲဖြစ်ဖြစ် သင့်ဖုန်း Battery တာရှည် ခံခြင်းကြောင့် ဖုန်းခနခန အားသွင်းတဲ့ဒုက္ခမှ ကင်းဝေးမှာသေချာပါတယ်။

ဖုန်းရဲ့ screen ပေါ်မှာ လက်ဆစ်ဖြင့် “S” ဆိုတဲ့ စာလုံးကို ရေးလိုက်ခြင်းဖြင့် Long Screen လို့ခေါ်တဲ့ သင့်ဖုန်းရဲ့ Screen တစ်ခုလုံးကိုမှတ်ထားပေးနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် မျက်နှာပြင်ကို လက်ဆစ်ဖြင့် (၂) ချက်ခေါက်ရုံဖြင့် Screenshot ရယူနိုင်မှာဖြစ်ပြီး လက်ဆစ် ၂ခုဖြင့် (၂) ချက်ခေါက်ရုံဖြင့် Screen Recording ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ အချက်များဟာ Huawei ရဲ့ထူးခြားတဲ့ Gesture function ပဲဖြစ်ပါတယ်။ သင်လိုချင်တဲ့ အရာများကို ဖုန်းခလုတ်များ နှိပ်ပြီး screenshot ဖမ်းခြင်းဒုက္ခမှ ကင်းဝေးမှာ သေချာပါတယ်။ သင်လိုချင်တဲ့ စာပဲဖြစ်ဖြစ်၊ ဓာတ်ပုံပဲဖြစ်ဖြစ် အလွယ်တကူ ဖမ်းယူနိုင်မှာသေချာသလို အမြင်လဲ ရိုးရှင်းလွယ်ကူစွာ လိုချင်တာကို အမြန်ဖမ်းယူနိုင်တဲ့အတွက် သင့်ကို စိတ်ကျေနပ်စေမှာ သေချာပါတယ်။

HUAWEI nova 2i ရဲ့ ထူးခြားတဲ့ Performance၊ Camera စွမ်းဆောင်ရည်များက Mid-range ဖုန်းများထဲတွင် အထူး ကောင်းမွန်ပြီး ဖုန်းဝယ်ယူရာတွင် မဖြစ်မနေ စဉ်းစားရမှာဖြစ်ပါတယ်။

HUAWEI nova 2i ဈေးနှုန်းနှင့် ဝယ်ယူရရှိနိုင်ခြင်း 

HUAWEI nova 2i ကို (၃၃၉၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အနေဖြင့် အနက်ရောင်၊ ရွှေရောင်နှင့် အပြာရောင်တို့ကို ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ HUAWEI nova 2i ဝယ်ယူသူများအနေဖြင့် HUAWEI powerbank 5000 mAh ကို လက်ဆောင်အနေဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPT သုံးစွဲသူများအနေဖြင့် လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံဖြင့် အင်တာနက် အသုံးပြုရန် ၃၀၀၀ ကျပ်ကို ၁၂ လတိုင်တိုင်ရရှိနိုင်မည် ဖြစ်ပါသည်။