News

POST TYPE

ALSO IN NEWS

မယားက ဒေါ်လာတစ်သန်း ထီပေါက်၊ လအနည်းငယ်အကြာ လင်သားက ဒေါ်လာတစ်သန်း ထီပေါက်
14-Jan-2018

အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်က စုံတွဲတစ်တွဲရဲ့ ကံထမှုကတော့ အံ့ဩလောက်စရာပါ။ ရမ်းဒေါ့ပ်ဒေသက အဆိုပါစုံတွဲဟာ လအနည်းငယ်သာခြားပြီး ဒေါ်လာတစ်သန်းစီ ထီပေါက်ကြတာ ဖြစ်ပါတယ်။ ဇနီးသည်ဖြစ်သူ ဂျိန်းဂိုဒွင်ဟာ ဒေါ်လာတစ်သန်းဆု ပေါက်ပြီးတော့ နောက်လ အနည်းငယ်အကြာမှာ ခင်ပွန်းဖြစ်သူ ရောဘတ်ဂိုဒွင်က ဒေါ်လာတစ်သန်းဆု ထပ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ နှင်းတွေကို မရှင်းရတဲ့နေရာမှာ အိမ်တစ်လုံး ဝယ်ကြမယ်လို့ ခင်ပွန်းသည်ဖြစ်သူက ဆိုပါတယ်။

“နှင်းတွေကို ဂေါ်ပြားနဲ့ ကော်ထုတ်မနေရတော့ဘူးပေါ့ဗျာ”ဆိုပြီး အမျိုးသားဖြစ်သူက ပြောကြားပါတယ်။

အမေရိကန် နိုင်ငံသားတွေဟာ ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်ကို ထီထိုးဖို့ အမေရိကန်ဒေါ်လာ ၂၀၇ ဒေါ်လာ သုံးလေ့ရှိပြီးတော့ ခုလိုမျိုး လင်ရော မယားရော ကံထူးတာမျိုးကတော့ ရှားပါသတဲ့။ 

F-02