News

POST TYPE

ALSO IN NEWS

အသက်၂၀ လူငယ်လေး ဒေါ်လာသန်း ၄၅၀ ကျော်ဖိုး ထီပေါက်
13-Jan-2018

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်က အသက် ၂၀ အရွယ် ကောင်လေးတစ်ယောက်ဟာ ဂျက်ပေါ့ ထီပေါက်သွားခဲ့တာမို့ ဒေါ်လာ သန်း ၄၅၀ ရရှိသွားပါသတဲ့။

ယခုအချိန်မှာတော့ ဘယ်လိုမျိုး ပျော်ပါးကြမလဲဆိုတာကို စီစဉ်နေတယ် လို့ သူက ပြောပါတယ်။

အမေရိကန် ထီသမိုင်းမှာ ဂျက်ပေါ့ ထီဆုကြေး အများဆုံးရရှိမှု စတုတ္ထချိတ်သွားခဲ့ပါတယ်။

ရှိန်းမစ်စ်လာလို့ အမည်ရတဲ့ အမျိုးသားငယ်ဟာ ပထမအရစ်အဖြစ် အမေရိကန်ဒေါ်လာ ၂၈၂ သန်း ရရှိမှာဖြစ်ပြီး ကျန်ငွေများကို ဆက်လက်ရရှိမှာ ဖြစ်ပါသတဲ့။

သူ ထီပေါက်တော့မယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေမိတယ်လို့ မစ္စတာမစ်စ်လာက ပြောကြားခဲ့ပါတယ်။

ထီပေါက်တဲ့ သတင်းကြားကြားပြီး နောက်မှာ ကောင်လေးဟာ Facebook ပေါ်မှာ Oh My God. ဆိုပြီး တစ်ခွန်းတည်း တင်ခဲ့ပါတယ်။ 

F-02