News

POST TYPE

ALSO IN NEWS

ရှားပါးအဖြူရောင် မိကျောင်းတစ်ကောင် ဩစတြေးလျတွင် တွေ့ရှိ
12-Jan-2018

ဩစတြေးလျ မြစ်တစ်စင်းထဲမှာ ခရီးသည်တွေ အလည်အပတ် လှေစီးနေရင်းနဲ့ ရှားပါးအဖြူရောင် မိကျောင်းတစ်ကောင်ကို တွေ့ရှိခဲ့ရပါတယ်။ မိကျောင်းရဲ့နာမည်ကို ဒေသခံတွေက ပုလဲလို့ အမည်ပေးထားတာဖြစ်ပြီး သိပ်မတွေ့ရတတ်ဘူးလို့ ဆိုပါကြောင်း လှေပေါ်ပါလာတဲ့ ဂေဟဗေဒပညာရှင် ရှိုင်အက်ဂါက ပြောကြားပါတယ်။

“အဖြူရောင် အဘီနိုမိကျောင်းတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက သူ့ကိုမတွေ့ခဲ့ရတာမို့ အသက်ရှိသေးရဲ့လားလို့ သံသယရှိခဲ့ပါတယ်”လို့ အက်ဂါက ABC ရေဒီယိုကို ပြောကြားခဲ့ပါတယ်။

ဒါဝင်မြို့ အပြင်ဘက် အဒီလိတ်မြစ်ထဲမှာ အဆိုပါ မိကျောင်းကို တွေ့ခဲ့တာပါလို့ ပြောကြားပါတယ်။ မိကျောင်းဖြူပုလဲဟာ အသက် ၄၀ ကနေ ၆၀ နီးပါးရှိမယ်လို့ ခန့်မှန်းရပါသတဲ့။ မိကျောင်းဖြူတွေဟာ အသက်အဲဒီလောက်အထိ ရှိလာတာလည်း ခဲယဉ်းကြောင်း သားရိုင်းတိရစ္ဆာန်လေ့လာရေးသမားက ဆိုပါတယ်။

F-02