News

POST TYPE

ALSO IN NEWS

ပုစွန်တုပ်များကို မသေသေးဘဲ မချက်ပြုတ်ရဟု ဆွစ်ဇာလန်အစိုးရ အမိန့်ထုတ်
11-Jan-2018

ပုစွန်အရှင်ကြီးများကို လတ်ဆတ်စေရန်အတွက် ရေနွေးပူထဲ၊ ဆီပူထဲ ပစ်ထည့်ခြင်းများကို ဆွစ်ဇာလန်မှာတားမြစ်လိုက်ပြီဖြစ်ပါတယ်။

“ပုစွန်တုပ်ကြီးများ အပါအဝင် သက်ရှိတွေကို ရေခဲထဲထည့်ပြီး သယ်ယူပို့ဆောင်တာကိုလည်း မလုပ်ရပါဘူး။ ရေနေသတ္တဝါများဟာ သူတို့ သဘာဝ ဝန်းကျင်ထဲမှာပဲ ရှိသင့်ပါတယ်”ဟု အစိုးရညွှန်ကြားချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။ 

တိရစ္ဆာန်များကို ညှဉ်းဆဲခြင်းနဲ့ပတ်သက်ပြီး တားမြစ်တဲ့ ညွှန်ကြားစာမှာ အထက်ပါအတိုင်း ထည့်သွင်းတားမြစ်ထားတာ ဖြစ်ပါသတဲ့။ တရားမဝင် ခွေးသား ဖောက် ရောင်းချခြင်း၊ ဟောင်လွန်းသော ခွေးများကို လျှပ်စစ်တိုက် ဆုံးမသည့် ကိရိယာသုံးခြင်း စသည်တို့ကိုလည်း ထည့်သွင်းတားမြစ်ထားပါတယ်။

အများသူငါဆိုင်ရာ ပွဲတော်တွေမှာ တိရစ္ဆာန်တွေကို အသုံးပြုရာမှာလည်း တာဝန်ယူမှုရှိစွာ အသုံးပြုရမယ်လို့ ဆိုထားပါတယ်။ 

အီတလီမှာလည်း ပုစွန်တုပ်ကြီးတွေကို အရှင်လတ်လတ် ကင်စား၊ ချက်စား၊ သုပ်စားတာတွေကို တားမြစ်တဲ့ အမိန့်ထုတ်ဖူးပါတယ်။

F-02